Friday, December 13, 2019

ဂမ်ဘီယာနိုင်ငံ၏ စွဲချက်ကိုပယ်ဖျက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ

Image may contain: 5 people, people sitting and text

နိုင်ငံတကာတရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တိုင်ကြားထားတဲ့ စွဲချက်ကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ(၁၂)ရက်က ပြုလုပ်တဲ့ ဒုတိယအကျော့နှုတ်အားဖြင့်ကြားနာမှု အပြီးသတ်လျှောက်လဲရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံကတိုင်ကြားထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအကာအကွယ်ပေးရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာကွန်ဗင်းရှင်း ချိုးဖောက်မှုကို ပယ်ဖျက်ပေးဖို့အပြင် ထပ်မံတင်သွင်းထားတဲ့ ကြားဖြတ်တားဆီးအမိန့်ထုတ်ပြန်ပေးဖို့ကိုလည်း လက်မခံဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံတောင်းဆိုတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မှာ အသိုက်အဝန်းအားလုံး သဟဇာတဖြစ်နေပြီး အားကစားပွဲတွေ အတူယှဉ်ပြိုင်နေတဲ့အကြောင်းတွေကိုပါ ထည့်သွင်းလျှောက်လဲသွားတာဖြစ်ပါတယ်။
မြန်မာဘက်ကရှေ့နေ ပါမောက္ခမစ္စတာဝီလျံရှဘတ်စ်ကလည်း လူမျိုးတုံးသတ်ဖြတ်မှုလို့ စွဲဆိုပေမယ့် သက်သေအတိအကျမပြနိုင်ဘူးလို့ လျှောက်လဲချက်ပေးသွားပါတယ်။
ICJအနေနဲ့ ဂမ်ဘီယာနိုင်ငံကတင်သွင်းထားတဲ့ ကြားဖြတ်တားဆီးအမိန့်ထုတ်ပြန်ပေးဖို့ဆိုတာကို အရင်အမိန့်ချမှတ်မှာဖြစ်ပြီး အမိန့်ချမယ့်နေ့ကို အချိန်မီအသိပေးအကြောင်းကြားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Image may contain: 1 person, standing
Image may contain: 1 person
သတင်း- သီဟစိုးလွင်

No comments:

Post a Comment

My Blog List