Thursday, December 12, 2019

“မြန်မာနိုင်ငံ အတွင်းရှိ ပြဿနာများကို ပိုမို ဆိုးရွားသွားစေမည့် အမိန့်မျိုး ICJက မချမှတ်ရန်” ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ


နယ်သာလန်နိုင်ငံ သဟိဂ်မြို့ နိုင်ငံတကာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆို ထားချက်အား ပြန်လည် ချေပလျှောက်လဲစဉ် မြန်မာနိုင်ငံရှိ ပြဿနာများကို ပိုမိုဆိုးရွားသွားစေမည့် အမိန့်မျိုး ICJ မချမှတ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် က လျှောက်လဲ ပြောကြားခဲ့သည်။ဘင်္ဂါလီများ အပေါ် လူမျိုးဖြုတ် ရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်ဟု ဂမ်ဘီယာ၏ စွပ်စွဲချက်ကို ဒုတိယနေ့အဖြစ် ပြန်လည်ချေပစဉ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ARSA ရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်စဉ် မီးရှို့မှုများ၊ လုယက်မှုများ ရှိနိုင်ကြောင်း၊ သို့သော် အဆိုပါဖြစ်ရပ်သည် စစ်ရာဇဝတ်မှုသာ ဖြစ်ပြီး တပ်မတော်က စစ်ခုံရုံးဖြင့် စစ်ဆေး အရေးယူနေကြောင်း၊ မြန်မာပြည်က လူမျိုးတုံးမျိုးဖြုတ်စစ်ဆင်ရေး လုပ်ခဲ့ခြင်းမျိုး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲချက် ပထမဆုံးပေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဂမ်ဘီယာအဖွဲ့ဘက်မှ စွပ်စွဲချက်များတွင် စစ်ဆင်ရေးကာလအတွင်း တပ်မတော်၏ ရက်စက်စွာ ကိုင်တွယ်ခြင်း၊ စနစ်တကျမျိုးဖြုတ်ရန် ဆောင်ရွက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ရှိခြင်း၊ စော်ကားနှိမ့်ချခြင်း၊ နိုင်ငံတော် အစိုးရမူဝါဒများတွင် ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံခြင်း၊ လူမျိုးရေးခွဲခြားမှုများကို အစိုးရက နှိမ်နင်းရန် ပျက်ကွက်ခြင်း၊ လူမျိုးဖြုတ်ရှင်းလင်းနေခြင်းကို အစိုးရက အရေးမယူခြင်း စသည်တို့ပါဝင်သည်။
မြန်မာဘက်က ရှေ့နေနှင့် အကြံပေး အဖွဲ့တွင် အင်္ဂလန်နှင့်ဝေလနယ် ရှေ့နေအသင်းမှ မစ္စတာ ခရစ္စတိုဖာစတာကာ၊ နိုင်ငံတကာရာဇဝတ်မှုခင်းနှင့် လူ့အခွင့်အရေးဆိုင်ရာပညာရှင် မစ္စတာဝီလီယမ်ရှာဘက်စ် တို့ ပါဝင်သည်။
လျှောက်လဲမှုအဖွင့် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က စတင်ပြောကြားခဲ့ပြီး မြန်မာကို စွဲဆိုထားမှုများသည် မပြည့်စုံကာ မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်။
ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို မြန်မာဘက်က ဆောင်ရွက်နေကာ ၊ တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို ရှောင်ရှားရမည်ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။နိုင်ငံတကာ တရားရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက လာရောက်ဝိုင်းဝန်းခဲ့ပြီး We Stand With Daw Aung San Su Kyi ဟု ဟစ်ကြွေးခဲ့ကြသည်။

ref:The Voice

No comments:

Post a Comment

My Blog List