Thursday, December 12, 2019

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သောင်းသောင်းဖြဖြကြိုဆိုရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်

Image may contain: 5 people, people standing and suit

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် နိုင်ငံတော်၏အကျိုးစီးပွားကိုကာကွယ်ရန်အတွက် သွားရောက်ရင်ဆိုင်နေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ပြည်တော်ပြန်ခရီးကို သောင်းသောင်းဖြဖြ ကြိုဆိုရန်အတွက် ဒီဇင်ဘာ ၁၂ ရက်က ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်လာ ၁၄ ရက် စနေနေ့ နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည့်အတွက် နေပြည်တော်လေဆိပ်တွင် ကြိူဆိုရန်အတွက် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာဓမ္မာရုံတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီဥက္ကဌဦးကျော်မင်းထွန်းနှင့် ကော်မတီဝင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌဦးမင်းသူနှင့် အလုပ်အမှုဆောင်များ၊ ရှစ်မြို့နယ်ပါတီဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေ(ဥတ္တရခရိုင်)တို့ တက်ရောက်ပါသည်။

ယင်းသို့ဆွေးနွေးရာတွင် ခရီးပန်းလာသည့် နိုင်ငံတော်အတိုင်ပင်ခံနဲ့အဖွဲ့ စိတ်ခွန်အားပေးရစေရန် ရည်ရွယ်ပြီးဆောင်ရွက်ရမှာဖြစ်ကြောင်း ခရိုင်ဥက္ကဋ္ဌဦးမင်းသူက ထည့်သွင်းပြောကြားပြီး မြို့နယ်အလိုက် လူဦးရေ နေရာချထားရေးကို မြေပုံထောက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
၎င်းနောက် ဦးစီးကော်မတီ ဥက္ကဌဦးကျော်မင်းထွန်းက ကြိုဆိုရေးနှင့်ပတ်သက်ပြီး လိုအပ်ချက်များ မရှိစေရန် အားလုံးပူးပေါင်းစီစဉ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ကော်မတီက သွားလာရေးအတွက် ပံ့ပိုးမည့်ကိစ္စများကို ဆွေနွေးပြောသွားပါသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်ဆွေက ကြိုဆိုရမည့် လမ်းကြေားင်များနှင့်ပတ်သက်၍ ပနာမရှင်းပြပြီး ကော်မတီဝင်များကညှိနှိုင်း၍ ကြိုဆိုမည့်သူများအား လမ်းကြောင်းတလျောက် နေရာချထားရေးကို မြေပုံဆွဲ၍ဆွေးနွေးခဲ့သည်။
Image may contain: 3 people, people sitting and indoor
Image may contain: 1 person, indoor
Image may contain: one or more people and people standing
Image may contain: 3 people, people sitting and indoor
No photo description available.
ထွန်း(နေပြည်တော်)

No comments:

Post a Comment

My Blog List