Monday, December 09, 2019

မြစ်ကြီးနားမြို့တွင် အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ခံပွဲ ကျင်းပ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ(၉)ရက် မနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ထောက်ခံကြောင်း လူထုထောက်ခံပွဲတစ်ရပ်ကို ကျင်းပပါတယ်။ 

အဲဒီလူထုထောက်ခံပွဲကို မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေက ဒေသခံပြည်သူတွေ တက်ရောက်ကြပါတယ်။ လူထုထောက်ခံပွဲကိုတော့ မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စုရပ်ပြုလုပ်ပြီး သတ်မှတ်ထားတဲ့ လမ်းမကြီးတွေမှာ “နိုင်ငံ့ခေါင်းဆောင်နှင့်အတူရပ်တည်ကြောင်းထောက်ခံပွဲ”၊ “နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်ရန်နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်”၊ “We Stand With Our Leader “ ဗီနိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ လှည်လည်ခဲ့ပါတယ်။ ထောက်ခံပွဲကို မြို့မိမြို့ဖတွေက ဦးဆောင်ကျင်းပတယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ လူထု ထောက်ခံပွဲမှာ အင်အားရာဂဏန်းခန့် ပါဝင်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့ လူမှုရေးဝန်ကြီးဦးနေဝင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင််အမြစ် ဝန်ကြီးဦးဇော်ဝင်း၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအားတီယော ဟန်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ 
Image may contain: 8 people, people standing, crowd and outdoor
Image may contain: 9 people, people smiling, people standing, crowd and outdoor
Image may contain: 1 person, tree, outdoor and nature
Image may contain: 3 people, people smiling, people standing, crowd and outdoor
Image may contain: 3 people, people standing and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: 3 people, people standing, crowd and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, on stage, standing, crowd and outdoor

သတင်း- မိုဃ်းကျ(မြစ်ကြီးနား)

No comments:

Post a Comment

My Blog List