Wednesday, December 11, 2019

ကုလားတန်မြစ်အတွင်း ခရီးသည်တင်ရေယာဉ်အား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

No photo description available.

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး ကုလားတန်မြစ်အတွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ခရီးသည်တင်ရေယာဉ် ၁ စီးအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁ နှစ် ၆ လ ခန့်ရှိ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကာ ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒေသခံပြည်သူ ၁၈ ဦး စီးနင်းလိုက်ပါလာသော ခရီးသည်တင်စက်လှေ ၁ စီးသည် ပလက်ဝမြို့မှ တောင်ပြိုမြို့ဘက်သို့ ကုလားတန်မြစ်အတိုင်း ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ထွက်ခွာလာခဲ့ရာ နှုံးဘူးကျေးရွာသို့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ခရီးသည်များ ဆင်းရန်အတွက် စက်လှေအား ကမ်းကပ်စဉ် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် စက်လှေလက်တန်းအား ထိမှန်ပေါက်ကွဲခဲ့ကာ လိုက်ပါစီးနင်းလာသည့် ခရီးသည်များအနက် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၌ ပြင်းထန်စွာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းနှင့် အမျိုးသား ၁ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ အနေဖြင့် ပလက်ဝဒေသ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ပျက်ပြား စေရန် နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်လျက် ရှိသည့်အပြင် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေကျေဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား ပလက်ဝပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံ ယူစေလျက်ရှိကာ အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News
ကုလားတန်မြစ်အတွင်း ခရီးသည်တင်ရေယာဉ်အား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
--- --- ---

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး ကုလားတန်မြစ်အတွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ခရီးသည်တင်ရေယာဉ် ၁ စီးအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁ နှစ် ၆ လ ခန့်ရှိ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကာ ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဒေသခံပြည်သူ ၁၈ ဦး စီးနင်းလိုက်ပါလာသော ခရီးသည်တင်စက်လှေ ၁ စီးသည် ပလက်ဝမြို့မှ တောင်ပြိုမြို့ဘက်သို့ ကုလားတန်မြစ်အတိုင်း ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ထွက်ခွာလာခဲ့ရာ နှုံးဘူးကျေးရွာသို့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ခရီးသည်များ ဆင်းရန်အတွက် စက်လှေအား ကမ်းကပ်စဉ် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် စက်လှေလက်တန်းအား ထိမှန်ပေါက်ကွဲခဲ့ကာ လိုက်ပါစီးနင်းလာသည့် ခရီးသည်များအနက် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၌ ပြင်းထန်စွာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းနှင့် အမျိုးသား ၁ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ အနေဖြင့် ပလက်ဝဒေသ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ပျက်ပြား စေရန် နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်လျက် ရှိသည့်အပြင် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေကျေဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား ပလက်ဝပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံ ယူစေလျက်ရှိကာ အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List