Wednesday, December 11, 2019

ICJ တွင် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုများကို UEHRD က တုံ့ပြန်ငြင်းဆန်

Image may contain: text

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် ကြားနာမှုအတွင်း တရားလိုရှေ့နေ၏ စွပ်စွဲချက်ကို “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” (UEHRD) က ပြန်လည် တုံ့ပြန်လိုက်သည်။

ယမန့်နေ့ (ဒီဇင်ဘာ ၁၀ ရက်) က နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့တွင် ကြားနာနေသည့်တရားခွင်တွင် ဂမ်ဘီယာဘက်မှ “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” (UEHRD) ကို “လူမျိုးတုံး သတ်ဖြတ်ရေး၏ အစိတ်အပိုင်းတစ်ခု” ဟု ပြောဆိုသွားသည်။
ထို့ပြင် မွတ်စလင်များမူရင်းနေထိုင်ခဲ့သည့် နေရာများကို ရှင်းလင်းပြီး သိမ်းယူရာတွင် UEHRD က ဦးဆောင်ပါဝင်နေသည်ဟု ပြောဆိုသွားသည်။
“မြေေနရာ သိမ်းယူသည့်ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စွပ်စွဲမှုများကို UEHRD က တိကျပြတ်သားစွာ ငြင်းဆိုလိုက်သည်။ ယင်းကဲ့သို့ မြေနေရာသိမ်းယူခြင်းကို ၎င်းတို့အနေနှင့် မည်သည့်အခါကမှ ပြုလုပ်ခဲ့ခြင်း မရှိ” ဟု ယနေ့ ထုတ်ပြန်သည်။
ထို့ပြင် “ပြန်လည်လက်ခံရေးနှင့် ယာယီနားနေရန် နေရာများ ဆောက်လုပ်ရာတွင် ရခိုင်အစိုးရက ထောက်ပံ့သည့် မြေနေရာများကို အသုံးပြုခဲ့သည်” ဟု UEHRD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံကိုတရားလို ဂမ်ဘီယာနိုင်ငံဘက်မှ တရားစွဲဆိုထားသည့်အမှုကို ယမန်နေ့က စတင် စစ်ဆေးနေပြီး တရားလိုဂမ်ဘီယာ နိုင်ငံဘက်မှ နှစ်ရက်နှင့် မြန်မာနိုင်ငံဘက်မှ နှစ်ရက် စုစုပေါင်း လေးရက် ကြားနာမည်ဖြစ်သည်။
ယနေ့ ညနေ မြန်မာစံတော်ချိန် ၃ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြန်လည်ချေပမည်ဖြစ်သည်။

No comments:

Post a Comment

My Blog List