Monday, December 09, 2019

"မဲဆွယ်သည့်အချိန်ပဲလာသော ကိုယ်စားလှယ်သည် စစ်မှန်သည့် ကိုယ်စားလှယ်မဟုတ်ဘူး" ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ပြောကြား

Image may contain: 7 people, people smiling, people standing, tree, child, outdoor and natureImage may contain: 6 people, people standing, child and outdoor

"မဲဆွယ်သည့် အချိန်ပဲလာသော ကိုယ်စားလှယ်သည် စစ်မှန်သည့် ကိုယ်စားလှယ်မဟုတ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးသူရိန်ဇော်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က “လွှတ်တော် ကိုယ်စားလှယ်ဆိုတာ သူရဲ့ လူထုနဲ့ အမြဲထိတွေ့နေရမယ်၊ ရွာကိုလာရမယ်၊ ရွာသားတွေနဲ့ တွေ့ရမယ်၊ ဘာတွေလိုမလဲ မေးရမယ်။ သူက တင်ပြပေးရမယ်။ သူက အမြဲတမ်းထိတွေ့မှု ခင်မင်မှုရှိနေရမယ်၊ မဲဆွယ်တဲ့အချိန်ပဲ လာပြီး နောက်ထပ် မလာတော့လို့ရှိရင် စစ်မှန်တဲ့ ကိုယ်စားလှယ်မဟုတ်ဘူး။ အဲဒါကြောင့် လူကိုလည်းကြည့် ပါတီကိုလည်း ကြည့်စေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၈ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကွင်းခလောင် ကျေးရွာနေ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Credit - USDP
The Ladies News
"မဲဆွယ်သည့်အချိန်ပဲလာသော ကိုယ်စားလှယ်သည် စစ်မှန်သည့် ကိုယ်စားလှယ်မဟုတ်ဘူး" ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ပြောကြား
--- --- ---

"မဲဆွယ်သည့် အချိန်ပဲလာသော ကိုယ်စားလှယ်သည် စစ်မှန်သည့် ကိုယ်စားလှယ်မဟုတ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးသူရိန်ဇော်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က “လွှတ်တော် ကိုယ်စားလှယ်ဆိုတာ သူရဲ့ လူထုနဲ့ အမြဲထိတွေ့နေရမယ်၊ ရွာကိုလာရမယ်၊ ရွာသားတွေနဲ့ တွေ့ရမယ်၊ ဘာတွေလိုမလဲ မေးရမယ်။ သူက တင်ပြပေးရမယ်။ သူက အမြဲတမ်းထိတွေ့မှု ခင်မင်မှုရှိနေရမယ်၊ မဲဆွယ်တဲ့အချိန်ပဲ လာပြီး နောက်ထပ် မလာတော့လို့ရှိရင် စစ်မှန်တဲ့ ကိုယ်စားလှယ်မဟုတ်ဘူး။ အဲဒါကြောင့် လူကိုလည်းကြည့် ပါတီကိုလည်း ကြည့်စေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၈ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကွင်းခလောင် ကျေးရွာနေ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Credit - USDP
The Ladies News

No comments:

Post a Comment

My Blog List