Monday, December 09, 2019

သက္ကယ်ပြင်က မွတ်စလင်တွေကို အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်း စတင်ထုတ်ပေး

Image may contain: 1 person, standing
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံရေးဦးစီးဌာနက မွတ်စလင်တွေကို အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်းတွေ ဒီနေ့ စတင်ထုတ်ပေးနေပါတယ်။

အခုလို ထုတ်ပေးဖို့ မနေ့က ဒုက္ခသည်စခန်းတွေ၊ ရပ်ရွာတွေထဲမှာ ကြေညာထားပြီးနောက် ဒီနေ့မနက်မှာ သက္ကယ်ပြင်ကျေးရွာမှာ ထုတ်ပေးနေတာလို့ သက္ကယ်ပြင်ဒုက္ခသည်စခန်း တာဝန်ခံ ဦးရွှေမောင်က ပြောပါတယ်။
အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးတဲ့နေရာမှာ ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့် ယူထားတယ်လို့လည်း သိရပါတယ်။
တစ်ဆက်တည်းမှာ NVC ကဒ်ကိုလည်း လျှောက်လိုကလျှောက်နိုင်သလို၊ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေကိုလည်း နိုင်ငံသားလျှောက်လိုက လျှောက်နိုင်ကြောင်း လဝက အရာရှိတွေကအသိပေး ပြောဆိုထားကြတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလိုသာလျှောက်လိုက်ရင် ပန်းရောင်နိုင်ငံသားကတ် ရရှိမှာမဟုတ်ဘဲ အစိမ်းရောင်ပြုနိုင်ငံသား ကတ် သာရရှိမှာဖြစ်တဲ့အတွက် လူတွေကတော့ ဒီအပေါ်မှာ စိတ်ဝင်စားမှု မရှိကြဘူးလို့သိရပါတယ်။
ဒီနေ့ စတင်ထုတ်ပေးနေတဲ့ အိမ်ထောင်စုစာရင်းတွေထဲက လူမျိုးနေရာမှာ ဘင်္ဂါလီ၊ ရိုဟင်ဂျာ စသဖြင့် ဘာမှမထည့်ဘဲ ချန်ထားတာ တွေ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
အရင်ကလည်း လူဝင်မှုကြီးကြပ်ရေးက မွတ်ဆလင်တွေကို အိမ်ထောင်စုစာရင်းတွေ၊ NVC ကတ်တွေကို ကွင်းဆင်းထုတ်ပေးဖို့ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပေမဲ့ ရိုဟင်ဂျာ၊ ဘင်္ဂါလီ အသုံးအနှုန်းကိစ္စနဲ့ နိုင်ငံသားဖြစ်ရေး ပြဿနာတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဒီနေ့စတင်ပြီး ထပ်မံထုတ်ပေးနေတဲ့ အစီအစဉ်ကိုတော့ ဘယ်အချိန်၊ ဘယ်လောက် အတိုင်းအတာအထိ ဆောင်ရွက်မယ် ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
- Unicode
~~~~~~~~~~~~~

သက္ကယ်ပြင်က မွတ်စလင်တွေကို အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်း စတင်ထုတ်ပေး
~~~

- Zawgyi
~~~~~~~~~~~~~

Photo: Min Thein Aung/ RFA
ဓာတ်ပုံ - (ရခိုင်ပြည်နယ် သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က NVC ကတ်ထုတ်ပေးစဉ် )

No comments:

Post a Comment

My Blog List