Friday, December 13, 2019

နိုင်ငံဝန်ထမ်းလုပ်မည့် ဆရာဝန်များကို မက်လုံးကောင်းကောင်းပေးဖို့လိုဟု NLD အမတ်အကြံပြု ၃နှစ်မပြည့်ဘဲအလုပ်ထွက်လျှင် ၁၀သိန်းလျှော်ရသည့်စနစ်အားဖျက်ရန်ရှိပြီး မက်လုံးကောင်းကောင်းပေးနေဟု အဖြေပေး

Image may contain: 3 people, text

ရွေးချယ်မှုများနေသည့်ယနေ့ခေတ်တွင် နိုင်ငံဝန်ထမ်းလုပ်မည့် ဆရာဝန်များကို အစိုးရက မက်လုံးကောင်းကောင်းပေးဖို့လိုနေပြီး၊ထိုသို့ ပေးမှသာ အစိုးရဆရာဝန်လုပ်မည့်အရေအတွက်ပိုမိုများပြားလာလိမ့်မည်ဟု မန္တလေးအမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးကြွယ်ကြွယ်က လွှတ်တော်ကိုပြောသည်။

လစာကောင်းကောင်း၊စီးစရာ ကား၊နေစရာအခန်းစသည်တို့ကိုပါ ပေးသင့်ကြောင်း၎င်းက ပြောသည်။
“အရည်အချင်းရှိတဲ့ ပညာတတ်တွေဟာ လုပ်ခလစာပိုရတဲ့ နိုင်ငံခြားကို ပြောင်းရွှေ့နေကြတာသဘာဝကျပါတယ်“ဟု ဒေါက်တာဦးကြွယ်ကြွယ်ကပြောသည်။
ယင်းအပြင် အစိုးရအနေဖြင့် နိုင်ငံဝန်ထမ်းလုပ်မည့် ဆရာဝန်သစ်လွင်များအား အလုပ်ခန့်ခြင်းမပြုမှီ ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ သင်တန်းတက်ခိုင်းခြင်းစေခြင်းမျိုးမပြုသင့်ဟုလည်း NLD အမတ်ဒေါက်တာဦးကြွယ်ကြွယ်က အကြံပြုသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လက်ရှိအစိုးရလက်ထက်တွင် ဆရာဝန်၄၅၂၇ဦးခန့်အပ်ခဲ့ပြီး၊နောက်ထပ် ဆရာဝန်၂၃၀၃ဦးခန့်အပ်ရန်စီစဉ်နေကာ ဆရာဝန်များကို မက်လုံးကောင်းကောင်းပေးနေပါသည်ဟု အဖြေပေးခဲ့သည်။
၂၀၁၆၊၂၀၁၇နှင့်၂၀၁၈ စာရင်းအင်းများအရ နိုင်ငံဆေးရုံများသို့ တက်ရောက်ကုသမှုခံယူခဲ့သည့်အတွင်းလူနာအရေအတွက်သည် ၈.၅၉ သန်း(သိန်း၈၀ကျော်)၊အပြင်လူနာအရေအတွက်က ၃၃.၄၃သန်း ရှိခဲ့ရာ ဆရာန်လိုအပ်ချက်က ကြီးမားနေပါကြောင်း ဒေါက်တာမြင့်ထွေးက ဆက်ပြောသည်။
“အလုပ်ခန့်ပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်ပို့ သင်တန်းတက်ခိုင်းဖို့ စီစဉ်သွားပါ့မယ်“ဟု ဝန်ကြီးက အဖြေပေးသည်။
ယင်အပြင် ဝန်ထမ်းများအတွက် အိမ်ရာများဆောက်လုပ်ပေးခြင်း၊ပြည်ပသို့ပညာတော်သင်စေလွှတ်ပေးခြင်းများအစရှိသည့် မက်လုံးများအပြင် ၃နှစ်မပြည့်ဘဲအလုပ်ထွက်လျှင် ၁၀သိန်းလျှော်ရသည့်စနစ်အားဖျက်ရန်ရှိကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List