Friday, December 13, 2019

ICJ ၌ မြန်မာနိုင်ငံ၏ အပြီးသတ်လျှောက်လဲချက် အနှစ်ချုပ်

Image may contain: 5 people, people standing, suit and wedding
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာ နိုင်ငံရင်ဆိုင်နေရသော လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲ ချက်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက် မြန်မာ စံတော်ချိန် ည ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ အချိန် ၁ နာရီခွဲကြာ အပြီးသတ်လျှောက်လဲချက် လျှောက်တင်ခဲ့သည်။

ယင်းသို့လျှောက်တင်ရာတွင် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေအဖွဲ့မှ ခရစ္စတိုဖာ စတိတ်ကာ၊ ဝီလျံရှားဘတ်တို့က အသီးသီးလျှောက်လဲချက်ပေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်လျှောက်လဲချက်ပေးခဲ့သည်။
''မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံ၊ ယူကေနိုင်ငံတို့မှာလိုပဲ စစ်ဥပဒေရှိပါတယ်။ မြန်မာနုုိင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့ အလေးအနက်ထားတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဥပက္ခာပြုလို့ မဖြစ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးအနေနဲ့ ရာဇဝတ်မှုများကို ရုံးတင်စစ်ဆေးတဲ့အခါမှာ အချိန်ကာလအားဖြင့် ၄ နှစ်မှ ၈ နှစ်အထိကြာမြင့်တတ်ပြီး တခါတရံမှာ ဒီထက် တောင် ပိုမိုကြာမြင့်တတ်ပါတယ်။ ARSA အဖွဲ့နဲ့ ပြင်းထန်တဲ့တိုက်ပွဲများဖြစ်ပွားခဲ့ချိန်ကစလို့ အချိန် ၂ နှစ်သာသာလောက်ကုန်လွန်ခဲ့ပြီး အခုဆိုရင် ဒုတိယအကြိမ်မြောက် စစ်ခုံရုံးနဲ့စစ်ဆေးဖို့ ဆောင်ရွက်နေ ပြီဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် ပြဿနာတခုလုံးအပေါ်မှာ စစ်ဥပဒေအရ ဘယ်လိုကိုင်တွယ်နေတယ်ဆိုတဲ့အပေါ်မှာ လေ့လာဆန်းစစ်မှုမရှိဘဲ အပိုင်းလိုက်ရွေးချယ်ကြည့်ရှုတဲ့အပေါ် မှာတော့ ကျွန်မတို့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ဂူတာပြင်ဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ရှိ စစ်ခုံရုံးတင်စစ်ဆေးနေတာကို ဆက်လက်ဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ လွပ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE)ရဲ့အစီရင်ခံစာထွက်ပေါ်လာပြီးတဲ့နောက်မှာ ဆက်လက်စစ်ဆေးအရေးယူမှုတွေ ရှိလာမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ကိုင်ဆောင် ရွက်နေဖို့ဆိုတာ ကျွန်မတို့ပြည်သူတွေအတွက် လက် ရှိမှာရော အနာဂတ်အတွက်ပါ အင်မတန်အရေး ကြီးပါတယ်။ စစ်ဥပဒေရှိနေတဲ့နိုင်ငံတခုအပေါ် ပြင်ပ တရားစီရင်ရေးစနစ်တခုနဲ့ ဝင်ရောက်စွက်ဖက်လိုက်မယ်ဆိုရင် လူတယောက်ရဲ့ အရေးပါတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လိုက်သလိုသာဖြစ်ပြီး ဒီဖယ်ရှားခံလိုက်ရတဲ့အစိတ်အပိုင်းဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပိုမိုကောင်းမွန်သော၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားသော တပ်ဖွဲ့များဖြစ်လာ ဖို့အတွက် မိမိကိုယ်ကိုယ်ပြုပြင်နိုင်မယ့် အစိတ်အပိုင်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတူကွဲပြားသော လူ့အသိုက်အဝန်းများကြားမှာ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်မတို့နိုင်ငံဟာ မတူ ကွဲပြားမှုများစွာ ရောပြွမ်းနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အင်မတန်မှ အလားအလာရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အလားတူစိန်ခေါ်မှုများစွာလည်း ရှိနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ AA နဲ့ လက်နက်ကိုင်တပ်ဖွဲ့အကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ဖို့အတွက် အင်မတန်အရေးကြီးပါ တယ်။ အလားတူ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများတကျော့ပြန် မဖြစ်ပွားဖို့အတွက် အလား တူအရေးကြီးပါတယ်။ အခုနောက်ဆုံး နိဂုံးချုပ်အနေနဲ့ လျှောက်လဲချင်တာကတော့ ဒီဇင်ဘာ ၁ဝ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိတင်ပြခဲ့တဲ့ လျှောက်လဲချက် များကိုထောက်ရှုပြီး အမှုကိုရုံးတော်က ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုပါတယ်။ တနည်းအားဖြင့်ပြောရရင် ကြားဖြတ်အရေးပေါ် အစီအစဉ်ချမှတ်ဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှုကို ပယ်ချပေးဖို့ဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ခရစ္စတိုဖာစတိတ်ကာကတင်ပြရာတွင် ဂမ်ဘီ ယာနိုင််ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ဂမ်ဘီယာနိုင်ငံသည် OIC ၏ခိုင်းစေချက်အရ ကိုယ် စားဝင်တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ ယခု တရားစွဲဆိုမှုသည် ဂမ်ဘီယာနိုင်ငံအနေဖြင့် မိမိ၏ကိုယ်ပိုင် ငွေကြေး တပြားတချပ်သုံးစွဲမှုမရှိကြောင်း၊ ထို့အပြင် ဂမ်ဘီယာသည် တိုက်ရိုက်ထိခိုက်နစ်နာမှုရှိသော နိုင်ငံမဟုတ်သလို ရခိုင်ပြည်နယ်ပြဿနာနှင့် ပတ်သက်၍ OIC ၏ဆုံးဖြတ်ချက်တွင်ပင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မသတ်မှတ်ခဲ့ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုကို လိုက်လျောလိုက်ပါက ပြန်လည်ကုစား၍မရနိုင်သော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အပြင် မြေပြင်အခြေအနေများကို ပိုမိုဆိုးရွားစေနိုင် မည့်အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
ဆက်လက်၍ မြန်မာဘက်မှ ရှေ့နေဝီလျံရှား ဘတ်ကတင်ပြရာတွင် ဂမ်ဘီယာနိုင်ငံသည် အချက် အလက်ရှာဖွေရေးမစ်ရှင် ၂ဝ၁၉ အစီရင်ခံစာကို အခြေခံ၍ မြန်မာနိုင်ငံကို စွဲချက်တင်ခဲ့တာဖြစ်ပြီး ၂ဝ၁၉ အစီရင်ခံစာသည် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂ဝ၁၈ အစီရင်ခံစာနှင့် ကွဲခြားချက်မရှိဘဲ စွဲချက်တင် ခဲ့ခြင်းဖြစ်ကြောင်း၊ စွဲချက်တင်သည့်အခါ လူမျိုးတုံးသတ်ဖြတ်မှုဟုပြောခဲ့သော်လည်း သေဆုံးမှုအရေအတွက်ကို ဖော်ပြခဲ့ခြင်းမရှိကြောင်း၊ အမုန်းစကားဖြန့်ဝေသည်ဟု စွပ်စွဲရာတွင် ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ရေးသားမှုတခုတည်းကို သာကိုးကားသွားခဲ့ပြီး၊ Facebook စာမျက်နှာတွင်ရေးသားသည်မှာ အမုန်းစကားမဖြစ်နိုင်ဘဲ ကမ္ဘာတွင်လည်း ထိုကဲ့သို့ရေးသားမှုများရှိကြောင်း၊ နယ်မြေရှင်း လင်းရေးဆောင်ရွက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ကြောင်းနှင့် တရားရုံးအနေဖြင့် ကြားဖြတ် အရေးယူမှုအမိန့်ကိုစဉ်းစားသည့်အခါ ဆုံးဖြတ်ချက်မှန်ဖို့အရေးကြီးကြောင်း ပြောကြားခဲ့သည်။
မော်ရိုး

(zawgyi )
ICJ ၌ မြန်မာနိုင်ငံ၏ အပြီးသတ်လျှောက်လဲချက် အနှစ်ချုပ်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာ နိုင်ငံရင်ဆိုင်နေရသော လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲ ချက်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက် မြန်မာ စံတော်ချိန် ည ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ အချိန် ၁ နာရီခွဲကြာ အပြီးသတ်လျှောက်လဲချက် လျှောက်တင်ခဲ့သည်။
ယင်းသို့လျှောက်တင်ရာတွင် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေအဖွဲ့မှ ခရစ္စတိုဖာ စတိတ်ကာ၊ ဝီလျံရှားဘတ်တို့က အသီးသီးလျှောက်လဲချက်ပေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်လျှောက်လဲချက်ပေးခဲ့သည်။
''မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံ၊ ယူကေနိုင်ငံတို့မှာလိုပဲ စစ်ဥပဒေရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့ အလေးအနက်ထားတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဥပက္ခာပြုလို့ မဖြစ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးအနေနဲ့ ရာဇဝတ်မှုများကို ရုံးတင်စစ်ဆေးတဲ့အခါမှာ အချိန်ကာလအားဖြင့် ၄ နှစ်မှ ၈ နှစ်အထိကြာမြင့်တတ်ပြီး တခါတရံမှာ ဒီထက် တောင် ပိုမိုကြာမြင့်တတ်ပါတယ်။ ARSA အဖွဲ့နဲ့ ပြင်းထန်တဲ့တိုက်ပွဲများဖြစ်ပွားခဲ့ချိန်ကစလို့ အချိန် ၂ နှစ်သာသာလောက်ကုန်လွန်ခဲ့ပြီး အခုဆိုရင် ဒုတိယအကြိမ်မြောက် စစ်ခုံရုံးနဲ့စစ်ဆေးဖို့ ဆောင်ရွက်နေ ပြီဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် ပြဿနာတခုလုံးအပေါ်မှာ စစ်ဥပဒေအရ ဘယ်လိုကိုင်တွယ်နေတယ်ဆိုတဲ့အပေါ်မှာ လေ့လာဆန်းစစ်မှုမရှိဘဲ အပိုင်းလိုက်ရွေးချယ်ကြည့်ရှုတဲ့အပေါ် မှာတော့ ကျွန်မတို့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ဂူတာပြင်ဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ရှိ စစ်ခုံရုံးတင်စစ်ဆေးနေတာကို ဆက်လက်ဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ လွပ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE)ရဲ့အစီရင်ခံစာထွက်ပေါ်လာပြီးတဲ့နောက်မှာ ဆက်လက်စစ်ဆေးအရေးယူမှုတွေ ရှိလာမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ကိုင်ဆောင် ရွက်နေဖို့ဆိုတာ ကျွန်မတို့ပြည်သူတွေအတွက် လက် ရှိမှာရော အနာဂတ်အတွက်ပါ အင်မတန်အရေး ကြီးပါတယ်။ စစ်ဥပဒေရှိနေတဲ့နိုင်ငံတခုအပေါ် ပြင်ပ တရားစီရင်ရေးစနစ်တခုနဲ့ ဝင်ရောက်စွက်ဖက်လိုက်မယ်ဆိုရင် လူတယောက်ရဲ့ အရေးပါတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လိုက်သလိုသာဖြစ်ပြီး ဒီဖယ်ရှားခံလိုက်ရတဲ့အစိတ်အပိုင်းဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပိုမိုကောင်းမွန်သော၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားသော တပ်ဖွဲ့များဖြစ်လာ ဖို့အတွက် မိမိကိုယ်ကိုယ်ပြုပြင်နိုင်မယ့် အစိတ်အပိုင်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတူကွဲပြားသော လူ့အသိုက်အဝန်းများကြားမှာ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်မတို့နိုင်ငံဟာ မတူ ကွဲပြားမှုများစွာ ရောပြွမ်းနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အင်မတန်မှ အလားအလာရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အလားတူစိန်ခေါ်မှုများစွာလည်း ရှိနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ AA နဲ့ လက်နက်ကိုင်တပ်ဖွဲ့အကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ဖို့အတွက် အင်မတန်အရေးကြီးပါ တယ်။ အလားတူ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများတကျော့ပြန် မဖြစ်ပွားဖို့အတွက် အလား တူအရေးကြီးပါတယ်။ အခုနောက်ဆုံး နိဂုံးချုပ်အနေနဲ့ လျှောက်လဲချင်တာကတော့ ဒီဇင်ဘာ ၁ဝ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိတင်ပြခဲ့တဲ့ လျှောက်လဲချက် များကိုထောက်ရှုပြီး အမှုကိုရုံးတော်က ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုပါတယ်။ တနည်းအားဖြင့်ပြောရရင် ကြားဖြတ်အရေးပေါ် အစီအစဉ်ချမှတ်ဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှုကို ပယ်ချပေးဖို့ဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ခရစ္စတိုဖာစတိတ်ကာကတင်ပြရာတွင် ဂမ်ဘီ ယာနိုင်ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ဂမ်ဘီယာနိုင်ငံသည် OIC ၏ခိုင်းစေချက်အရ ကိုယ် စားဝင်တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ ယခု တရားစွဲဆိုမှုသည် ဂမ်ဘီယာနိုင်ငံအနေဖြင့် မိမိ၏ကိုယ်ပိုင် ငွေကြေး တပြားတချပ်သုံးစွဲမှုမရှိကြောင်း၊ ထို့အပြင် ဂမ်ဘီယာသည် တိုက်ရိုက်ထိခိုက်နစ်နာမှုရှိသော နိုင်ငံမဟုတ်သလို ရခိုင်ပြည်နယ်ပြဿနာနှင့် ပတ်သက်၍ OIC ၏ဆုံးဖြတ်ချက်တွင်ပင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မသတ်မှတ်ခဲ့ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုကို လိုက်လျောလိုက်ပါက ပြန်လည်ကုစား၍မရနိုင်သော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အပြင် မြေပြင်အခြေအနေများကို ပိုမိုဆိုးရွားစေနိုင် မည့်အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
ဆက်လက်၍ မြန်မာဘက်မှ ရှေ့နေဝီလျံရှား ဘတ်ကတင်ပြရာတွင် ဂမ်ဘီယာနိုင်ငံသည် အချက် အလက်ရှာဖွေရေးမစ်ရှင် ၂ဝ၁၉ အစီရင်ခံစာကို အခြေခံ၍ မြန်မာနိုင်ငံကို စွဲချက်တင်ခဲ့တာဖြစ်ပြီး ၂ဝ၁၉ အစီရင်ခံစာသည် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂ဝ၁၈ အစီရင်ခံစာနှင့် ကွဲခြားချက်မရှိဘဲ စွဲချက်တင် ခဲ့ခြင်းဖြစ်ကြောင်း၊ စွဲချက်တင်သည့်အခါ လူမျိုးတုံးသတ်ဖြတ်မှုဟုပြောခဲ့သော်လည်း သေဆုံးမှုအရေအတွက်ကို ဖော်ပြခဲ့ခြင်းမရှိကြောင်း၊ အမုန်းစကားဖြန့်ဝေသည်ဟု စွပ်စွဲရာတွင် ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ရေးသားမှုတခုတည်းကို သာကိုးကားသွားခဲ့ပြီး၊ Facebook စာမျက်နှာတွင်ရေးသားသည်မှာ အမုန်းစကားမဖြစ်နိုင်ဘဲ ကမ္ဘာတွင်လည်း ထိုကဲ့သို့ရေးသားမှုများရှိကြောင်း၊ နယ်မြေရှင်း လင်းရေးဆောင်ရွက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ကြောင်းနှင့် တရားရုံးအနေဖြင့် ကြားဖြတ် အရေးယူမှုအမိန့်ကိုစဉ်းစားသည့်အခါ ဆုံးဖြတ်ချက်မှန်ဖို့အရေးကြီးကြောင်း ပြောကြားခဲ့သည်။
မော်ရိုး

No comments:

Post a Comment

My Blog List