Tuesday, December 10, 2019

ကုသိုလ်တော်ဘုရားတွင် ဖိနပ်စီးဝင်သည့် ဓာတ်ပုံရိုက်ကူးသူအား တရားစွဲဆိုမည်မဟုတ်

Image may contain: 1 person, standing
မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်၌ ပါဝင်ခဲ့သည့် လူအချို့ ဖိနပ်စီးဝင်သည့် ပုံကို ရိုက်၍ လူမှုကွန်ယက်တွင်တင်ခဲ့သူအား တရားစွဲဆိုမည် မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကုသိုလ်တော်ဘုရား၏ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်ခြင်း၊ မန္တလေးမြို့၏ ဂုဏ်သိက္ခာ၊ဂေါပကအဖွဲ့၏ ဂုဏ်သိက္ခာတို့အား ကျဆင်းစေရန်ရည်ရွယ်ခြင်း၊ တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးရေးကို ပျက်ပြားအောင် ရည်ရွယ်ခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် လူမှုကွန်ယက်တွင်တင်ခဲ့သူအား ဂေါပက အစည်းအဝေးထိုင်၍ ဥပဒေလမ်းကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ဘုရားဂေါပက ဥက္ကဋ္ဌက ဒီဇင်ဘာ ၉ ရက်နေ့က ကြေငြာချက်ထုတ်ထားသည် ။
"ကြေငြာချက်က ဥက္ကဋ္ဌကပဲ ထုတ်တာပါ။ အစည်းအဝေးမှာ အမှုဖွင့်တာ တရားစွဲတာမလုပ်ဖို့ ဝိုင်းဖြောင့်ဖြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရှည်အရှည်လည်းမဖြစ်စေချင်ဘူး"ဟု ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်သန်းက ပြောသည် ။
ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့အနေဖြင့် အဆိုပါ ဖိနပ်စီးသည့်ကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားသည့် အချိန်မှာ စက္ကန့် ၄၀ ကျော်သာဖြစ်ပြီး ဖိနပ်ချွတ်ပြီးမှ ဝင်ရောက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မြန်မာတစ်နိုင်ငံလုံးရှိ သာသနိကအဆောက်အအုံများတွင် ဘုရားဖူးပြည်တွင်း/ပြည်ပ ဧည့်သည်များအပေါ်တွင် ပြေးညီစည်းကမ်းသတ်မှတ်လိုက်နာနိုင်ရေးကို ဂေါပကအဖွဲ့များသို့ တရားဝင်ညွှန်ကြားချက်ပြုလုပ်ပေးရန် အကြံပြုစာပေးပို့သွားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မဟာလောကမာရဇိန် (ကုသိုလ်တော်ဘုရား) ၊ မန္တလေးတောင်ပေါ်ဘုရားများ စသည့် ဘုရားများသို့ သွားရောက်ခဲ့သည်။
Unicode
ကုသိုလ်တော်ဘုရားတွင် ဖိနပ်စီးဝင်သည့် ပုံရိုက်ကူးသူအား တရားစွဲဆိုမည် မဟုတ်


မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်၌ ပါဝင်ခဲ့သည့် လူအချို့ ဖိနပ်စီးဝင်သည့် ပုံကို ရိုက်၍ လူမှုကွန်ယက်တွင်တင်ခဲ့သူအား တရားစွဲဆိုမည် မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ကုသိုလ်တော်ဘုရား၏ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်ခြင်း၊ မန္တလေးမြို့၏ ဂုဏ်သိက္ခာ၊ဂေါပကအဖွဲ့၏ ဂုဏ်သိက္ခာတို့အား ကျဆင်းစေရန်ရည်ရွယ်ခြင်း၊ တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးရေးကို ပျက်ပြားအောင် ရည်ရွယ်ခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် လူမှုကွန်ယက်တွင်တင်ခဲ့သူအား ဂေါပက အစည်းအဝေးထိုင်၍ ဥပဒေလမ်းကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ဘုရားဂေါပက ဥက္ကဋ္ဌက ဒီဇင်ဘာ ၉ ရက်နေ့က ကြေငြာချက်ထုတ်ထားသည် ။
"ကြေငြာချက်က ဥက္ကဋ္ဌကပဲ ထုတ်တာပါ။ အစည်းအဝေးမှာ အမှုဖွင့်တာ တရားစွဲတာမလုပ်ဖို့ ဝိုင်းဖြောင့်ဖြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရှည်အရှည်လည်းမဖြစ်စေချင်ဘူး"ဟု ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်သန်း က ပြောသည် ။
ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့အနေဖြင့် အဆိုပါ ဖိနပ်စီးသည့်ကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားသည့် အချိန်မှာ စက္ကန့် ၄၀ ကျော်သာဖြစ်ပြီး ဖိနပ်ချွတ်ပြီးမှ ဝင်ရောက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မြန်မာတစ်နိုင်ငံလုံးရှိ သာသနိကအဆောက်အအုံများတွင် ဘုရားဖူးပြည်တွင်း/ပြည်ပ ဧည့်သည်များအပေါ်တွင် ပြေးညီစည်းကမ်းသတ်မှတ်လိုက်နာနိုင်ရေးကို ဂေါပကအဖွဲ့များသို့ တရားဝင်ညွှန်ကြားချက်ပြုလုပ်ပေးရန် အကြံပြုစာပေးပို့သွားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မဟာလောကမာရဇိန် (ကုသိုလ်တော်ဘုရား) ၊ မန္တလေးတောင်ပေါ်ဘုရားများ စသည့် ဘုရားများသို့ သွားရောက်ခဲ့သည်။

No comments:

Post a Comment

My Blog List