Friday, December 13, 2019

ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်နိုင်သောဆိုရှယ်မီဒီယာမှ အမုန်းစကားနှင့်သတင်းမှားများကိုတာဆီးကာကွယ် ရန် ရွေးကော်ဥက္ကဋ္ဌ ပြောကြား

၂၀၂၀ပြည့်နယ် အထွေထွေရွေးကောက်ပွဲ၏ လုံခြုံရေးကိုထိခိုက်လာနိုင်သော ဆိုရှယ်မီဒီယာမှ အမုန်းစကားနှင့် သတင်းမှားများကို တာဆီးကာကွယ်ရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက တိုက်တွန်းပြောဆိုလိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (United States Institute of Peace - USIP) OR ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုံခြုံရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ၁၂ရက်နေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပခဲ့ရာ ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌကနိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct) နှင့် ၂၀၁၅ ခုနှစ် ကတည်းက ရေးဆွဲထားသည့် ရွေးကောက်ပွဲဆိုင်ရာ ရဲဝန်ထမ်း ကျင့်ဝတ်တို့ကိုလည်း သိရှိလိုက်နာကြ ရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှစတင်၍ ရွေးကောက်ပွဲလုံခြုံရေးကို အထောက်အကူဖြစ်စေမည့် စေ့စပ် ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်အတွက် ရွေးကောက်ပွဲများကို တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မား လျက်ရှိပြီး လူ့အဖွဲ့ အစည်းအတွင်းတွင် အမုန်းစကားများ၊ သတင်းအမှားများဖြင့် တိုက်ခိုက်မှုများသည် ရွေးကောက်ပွဲလုံခြုံရေး ကို ထိခိုက်လာနိုင်သည့်အတွက် အမုန်းစကားများ၊ သတင်းအမှားဖြင့် လှုံ့ဆော်ခြင်းကို တားဆီးကာကွယ် သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ထူးမြတ်

No comments:

Post a Comment

My Blog List