Wednesday, December 11, 2019

မြစ်ကြီးနား ကျောက်မျက်ရောင်းပွဲမှ နိုင်ငံသို့ပေးရန် အခွန်ငွေ ကျပ်သိန်း ၅၀၀၀ ကျော် ကျန်ရှိ

78796372_2569599253137856_7118991456571752448_n80186026_2569599303137851_6623407193309839360_n
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကျောက်မျက် အရောင်းပြပွဲ ရောင်းချမှုကနေ နိုင်ငံတော်ကိုပေးသွင်းရမယ့် အခွန်ကြွေးကျန်စုစုပေါင်း ကျပ်သိန်း ၅၀၀၀ ကျော်  ကျန်ရှိနေသေးတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
ဒုတိယအကြိမ် ကျောက်မျက် အရောင်းပြပွဲကို ပြီးခဲ့တဲ့မေလက ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ ကျောက်မျက်ဝန်းအတွင်း ကျင်းပခဲ့တာပါ။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက “ကုမ္ပဏီတွေ အနေနဲ့ အခွန်သွင်းဖို့ ကျန်တာတစ်ဝက်ကျော်ကျော်လောက်ထိရှိမယ်၊ စုစုပေါင်းက ငွေကျပ် သိန်း ငါးထောင်လောက်ထိ ကျန်နေသေးတယ်။ ဒါကလည်း ပြည်ထောင်စုအစိုးရက ကျောက်မျက် ကုမ္ပဏီတွေ အနေနဲ့ လုပ်ငန်း ဆောင်ရွက်သွားတဲ့ အခြေအနေပေါ်မှာ ကျသင့်ကျထိုက်တဲ့အခွန်ကို တောင်းခံနေတာ ဖြစ်တယ်”လို့ ပြောပါတယ်။
အဲ့ဒီလို အခွန်ကျန်ရှိမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်ကျောက်မျက်လုပ်ငန်းများအသင်းက တာဝန်ယူလုပ်ဆောင်ပေးနေပြီး ပေးသွင်းရန်ကျန်ရှိတဲ့ အခွန်အခနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရထံ အသနားခံ တင်ပြသွားဖို့ရှိတယ်လို့လည်း မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇလွမ်းက ပြောပါတယ်။
“အဓိကတော့ ကချင်ပြည်နယ်အစိုးရအပေါ်မှာလည်း မူတည်တယ် ဘာပဲဖြစ်ဖြစ် ဒါနိုင်ငံတော်ကို ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် ဆိုပြီး အသနားခံတင်ပြတောင်းခံလို့ ဖြေလျော့မှုလုပ်ပေးမယ် ဆိုရင်တော့ လုပ်ငန်းရှင်တွေအတွက်ကော ပြပွဲအတွက်ကော အင်မတန် အလားအလာ ကောင်းလာမှာဖြစ်တယ်”လို့ ဦးဇလွမ်းက ပြောပါတယ်။
နိုင်ငံတော်သို့ပေးသွင်းဖို့ ကျန်ရှိနေသေးတဲ့ ကျောက်မျက်ကုမ္ပဏီတွေနဲ့ ပတ်သက်လို့ မြို့နယ်အခွန်ဦးစီးဌာနကို သွားရောက်မေးမြန်းခဲ့ပေမဲ့ အခွန်ထမ်းပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေဖြစ်တာကြောင့် ကုမ္ပဏီ စာရင်းတွေနဲ့ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့ မြို့နယ် အခွန်ဦးစီးဌာနက ပြောပါတယ်။
ကချင်ပြည်နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကျောက်မျက် အရောင်းပြပွဲမှာ ကျောက်မျက် လော့ပေါင်း ၄၉၅ တွဲ ပြသခဲ့တဲ့အနက် ၃၈၄တွဲ ရောင်းချခဲ့ရပြီး မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော်ရရှိခဲ့ပါတယ်။
သတင်း- ဟိန်းထက်
DVB

No comments:

Post a Comment

My Blog List