Wednesday, December 11, 2019

လိုအပ်၍ဝယ်ယူမည့်အပေါ်အလေးအနက်ထောက်ခံပါသော်လည်း ကျည်ကာကား ၆စီးလိုပါသလားဟု ယခင်သမ္မတရုံးဝန်ကြီးဟောင်းမေးခွန်းထုတ် ကင်းလွတ်ခွင့်ပေးလိုက်၍ လျှော့နည်းသွားသည့် နိုင်ငံခြားငွေ၄သိန်းကျော်ကို အခွန်ဌာနအနေဖြင့် အစားထိုးဝင်ငွေရအောင် ကြိုးပမ်းရန်လိုအပ်ဟု NLD အမတ်အကြံပြု

Image may contain: 1 person, standing and text

ဒီဇင်ဘာလ ၅ရက်နေ့က တင်ပြခဲ့သော နိုင်ငံတော်အကြီးအကဲများ၊ပြည်ပဧည့်သည်တော်များ အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၇သိန်းကျော် တန်ဖိုးရှိကျည်ကာမော်တော်ယာဉ် ၆စီးဝယ်ယူမည့်ကိစ္စအပေါ် ယနေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဦးဆွေးနွေးရာ ကန့်ကွက်မှုမရှိသော်လည် မေးခွန်းထုတ်မှု၊အကြံပြုမှုအချို့ ရှိခဲ့သည်။

ကျည်ကာကားကိစ္စကို ယခင်သမ္မတရုံးဝန်ကြီးဟောင်း ယခုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသိန်းနှင့် NLD အမတ် ချောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘိုကြီး တို့ ၂ဦးယနေ့ဆွေးနွေးခဲ့ကြသည်။
ဦးစိုးသိန်းက ကျည်ကာကားဝယ်ယူမည့်ကိစ္စကို ကန့်ကွက်ရန် မရှိပါကြောင်းကနဦးအစချီပြောကာ သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံ ၂ဦးအတွက် ၂စီးသာ လိုမည်ထင်ကြောင်းနှင့် ၆စီးလိုပါသလားဟု သူ့အမြင်ကိုပြောကာ မေးခွန်းထုတ်ခဲ့သည်။
“ဒုသမ္မတတွေ မစီးကြပါနဲ့အုံး“ဟု ဦးစိုးသိန်းကပြောသည်။
ယင်းအပြင် နိုင်ငံသည်မချမ်းသာသည့်နိုင်ငံ၊ ဘက်ဂျက်လိုငွေများနှစ်တိုင်းရှိနေသည့်နိုင်ငံ၊လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီက မလိုအပ်သည့် အသုံးစရိတ်များလျှော့ရန် တင်ပြလေ့ရှိသည့်နိုင်ငံတစ်ခုဟုလည်း ဦးစိုးသိန်းကပြောသည်။
“လိုတာတွေသုံးပါ။မလိုတာတွေလျှော့ပါ“ဟု ဦးစိုးသိန်းကဆက်ပြောသည်။
အစိုးရက ကျည်ကာကားများကို နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံရေးနှင့် ပြည်ပဧည့်သည်တော်များအတွက် အသုံးပြုမည်ဟု ရှင်းပြထားသည်။
ယင်းကျည်ကာမော်တော်ကား၆စီးကို ဂျပန်နိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်းမည်ဖြစ်ပြီး လင်ခရူဇာ၊တိုရိုတာ မော်ဒယ်၂၀၁၉၊၂၀၂၀ထုတ် ကားများဖြစ်ကြောင်းလည်းသိရသည်။
အထက်ပါကျည်ကာမော်တော်ယာဉ်များအတွက် ကျသင့်ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄သိန်းကျော် ရှိသည်။
ဦးစိုးသိန်းက ကျည်ကာကားများသည် ဂျပန်ထုတ်ထက် ဂျာမနီထုတ်က ပိုကောင်း၍ ဝယ်ယူမည်ဆိုလျှင် ဂျာမနီထုတ်သာ ဝယ်ပါက အကြံပြုကာ ကျည်ကာကားဝယ်မည့်ကိစ္စသည် လိုအပ်သည်ဖြစ်၍ အလေးအနက်ထောက်ခံပါကြောင်းပြောသည်။
ချောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကမူ နိုင်ငံတော်က ကျည်ကာကားများဝယ်ယူမည့်ကိစ္စသည် ပြည်သူ့ဘဏ္ဍာငွေ ထိခိုက် ဆုံးရှုံးမှုမရှိဟု ပြောကာ ဝယ်ယူသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။
သို့သော်လည်း ကျည်ကာကားဝယ်ရေးအတွက် လျှော့ချလိုက်သည့် အထူးကုန်စည်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄သိန်းကျော်ကို အခွန်ဌာနအနေဖြင့် အစားထိုးဝင်ငွေရအောင် ကြိုးပမ်းရန်လိုအပ်ပြီး၊ကြိုးပမ်းသွားမည့်အပေါ် တင်ပြနိုင်ပါက ကောင်းမည်ဟု ထောက်ပြအကြံပြုသည်။
အစိုးရအဖွဲ့ က ကျည်ကာမော်တော်ကားများဝယ်ယူရေးကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်ဘက်က အတည်ပြုပေးပါရန် တင်ပြထားသည်။
လွှတ်တော်နာယကက ကျည်ကာကားကိစ္စအတွက် ဆွေးနွေးသွားမည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဟု လွှတ်တော်ကို အသိပေးသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List