Thursday, December 12, 2019

ICJ အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲဦးဆောင်နေသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံးနေ

Image may contain: 1 person, closeup
ICJ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်နေသည့် ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးရဲသိန်းမှာ ပျောက်ဆုံးနေကြောင်း မိသားစု ဝင်များက ပြောသည်။

ဦးရဲသိန်းသည် ICJ အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရာတွင်ကျွေးမွေးရန် ယမန်နေ့ နေ့လယ်က ဘူးသီးတောင်မြို့မှ ပြင်ရှည်ကျေးရွာသို့ ဝက်သားဝယ်ယူရန်သွားရာ ပြန်လည်ရောက်ရှိလာခြင်းမရှိခဲ့ဟု ၎င်း၏ ညီဖြစ်သူ ဦးအောင်ကိုဆွေက နိရဥ္စရာသို့ ပြောသည်။
“ဖမ်းသွားတယ်လို့လည်း အတိအကျမသိရဘူး။ ကျွန်တော်တို့ သိရတာတော့ တစ်ညဉ့်အိပ်ပြီးလို့ မိုးလင်းမှ သိရတာ။ သူတို့ပါတီက တစ်ယောက်လာပြောမှ သိရတာ။ ပွဲလုပ်ဖို့အတွက် ပြင်ရှည်ကို ဝက်သားသွားယူတာ။ အဲဒါပြန်ရောက်မလာဘူး။ အခုအချိန်လည်း ကျွန်တော်တို့အဆက်အသွယ်မရသေးဘူး” ဟု ညီဖြစ်သူ ဦးအောင်ကိုဆွေက ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ပြောသည်။
ဦးရဲသိန်း၏ ဖုန်းမှာလည်း ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်ကပင်ပိတ်ထားသည့်အတွက် ဆက်သွယ်၍ မရကြောင်း ၎င်းက ဆက်ပြောသည်။

“သူ ၁၂ နာရီနောက်ပိုင်း ပြန်မရောက်တော့ဘူး။ ပြင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အဲဒီကို ရောက်မလာဘူးလို့ ပြောတယ်။”ဟု ညီဖြစ်သူ ဦးအောင်ကိုဆွေက ဆိုသည်။
ICJ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်ပွဲအား ဘူးသီးတောင်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်၍ ယနေ့နေ့လယ် တစ်နာရီတွင် ပြုလုပ်ရန်သတ်မှတ်ထားရာ NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာယမန်နေ့ကပင် ပျောက်ဆုံးနေသည့်အတွက် ထောက်ခံပွဲပြုလုပ်မည့်အစီအစဉ်လည်း ပျက်သွားသည်ဟု ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် NLD ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပါ။

ဦးရဲသိန်း ပျောက်ဆုံးနေမှုသည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုထံဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ပြောဆိုကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံခိုင်သုခကို ဆက်သွယ်မေးမြန်းရာ ယင်းသတင်းကို မကြားသိရသေးကြောင်း ပြောသည်။

ဆက်လက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး ပထမတန်းဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း
ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါ။

Unicode -
ICJ အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲဦးဆောင်နေသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံးနေ
စိုးဇံအောင်
နိရဉ်စရာ၊ ဒီဇငျဘာ ၁၂ / ၂၀၁၉

ICJ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်နေသည့် ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးရဲသိန်းမှာ ပျောက်ဆုံးနေကြောင်း မိသားစု ဝင်များက ပြောသည်။
“ဖမ်းသွားတယ်လို့လည်း အတိအကျမသိရဘူး။ ကျွန်တော်တို့ သိရတာတော့ တစ်ညဉ့်အိပ်ပြီးလို့ မိုးလင်းမှ သိရတာ။ သူတို့ပါတီက တစ်ယောက်လာပြောမှ သိရတာ။ ပွဲလုပ်ဖို့အတွက် ပြင်ရှည်ကို ဝက်သားသွားယူတာ။ အဲဒါပြန်ရောက်မလာဘူး။ အခုအချိန်လည်း ကျွန်တော်တို့အဆက်အသွယ်မရသေးဘူး” ဟု ညီဖြစ်သူ ဦးအောင်ကိုဆွေက ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ပြောသည်။
ဦးရဲသိန်း၏ ဖုန်းမှာလည်း ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်ကပင်
ပိတ်ထားသည့်အတွက် ဆက်သွယ်၍ မရကြောင်း ၄င်းက ဆက်ပြောသည်။

“သူ ၁၂ နာရီနောက်ပိုင်း ပြန်မရောက်တော့ဘူး။ ပြင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အဲဒီကို ရောက်မလာဘူးလို့ ပြောတယ်။”ဟု ညီဖြစ်သူ ဦးအောင်ကိုဆွေက ဆိုသည်။
ICJ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်ပွဲအား ဘူးသီးတောင်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်၍ ယနေ့နေ့လယ် တစ်နာရီတွင် ပြုလုပ်ရန်သတ်မှတ်ထားရာ NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာ
ယမန်နေ့ကပင် ပျောက်ဆုံးနေသည့်အတွက် ထောက်ခံပွဲပြုလုပ်မည့်အစီအစဉ်လည်း ပျက်သွားသည်ဟု ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် NLD ရုံးသို့
ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပါ။

ဦးရဲသိန်း ပျောက်ဆုံးနေမှုသည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုထံ
ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ပြောဆိုကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ
ခိုင်သုခကို ဆက်သွယ်မေးမြန်းရာ ယင်းသတင်းကို မကြားသိရသေးကြောင်း ပြောသည်။

ဆက်လက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း
ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း
ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါ။

No comments:

Post a Comment

My Blog List