Friday, December 13, 2019

ဘူးသီးတောင် NLD ဥက္ကဋ္ဌကို စစ်ဆေးစရာရှိ၍ ထိန်းသိမ်းထားသည်ဟု AA ပြော

Image may contain: 1 person
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းစရာရှိနေသည့်အတွက် ခေါ်ယူထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

“ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကိုတော့ ကျွန်တော်တို့ လုံခြုံရေးအရ စစ်ဆေးစရာတွေ ရှိလို့ ခေါ်ယူထိန်းသိမ်းထားတာတွေ ရှိတယ်ဗျ။ လောလောဆယ်တော့ ဒါပဲပြောလို့ ရမယ်” ဟု ခိုင်သုခ က နိရဥ္စရာသို့ ပြောသည်။
ဦးရဲသိန်းသည် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်က ဘူးသီးတောင်မြို့မှ ပြင်ရှည်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရာတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဦးရဲသိန်း၏ ညီဖြစ်သူ ဦးအောင်ကိုဆွေက နိရဥ္စရာကိုပြောဆိုထားသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ICJ အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပွဲထောက်ခံပွဲကို ဘူးသီးတောင်မြို့၌ ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ထောက်ခံပွဲဦးဆောင်သူ ဦးရဲသိန်း ပျောက်ဆုံးနေသည့်အတွက် ပွဲပျက်သွားသည်ဟုလည်း ဒေသခံများက ပြောသည်။
Unicode -
ဘူးသီးတောင် NLD ဥက္ကဋ္ဌကို စစ်ဆေးစရာရှိ၍ ထိန်းသိမ်းထားသည်ဟု AA ပြော
စိုးဇံအောင်
နိရဉ်စရာ၊ ဒီဇငျဘာ ၁၃ / ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းစရာရှိနေသည့်အတွက် ခေါ်ယူထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ICJ အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပွဲထောက်ခံပွဲကို ဘူးသီးတောင်မြို့၌ ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ထောက်ခံပွဲဦးဆောင်သူ ဦးရဲသိန်း ပျောက်ဆုံးနေသည့်အတွက် ပွဲပျက်သွားသည်ဟုလည်း ဒေသခံများက ပြောသည်။

No comments:

Post a Comment

My Blog List