Monday, December 09, 2019

ICJ တရားရုံးသို့ သွားရောက်ဖြေရှင်းသည့် နိုင်ငံတော်အတိုင်ပင်ခံ ဆောင်ရွက်သမျှ ကိစ္စအဝဝ အောင်မြင်ရန် သမ္မတ ၏ ဇနီးဦးဆောင်၍ အန္တရာယ်ကင်း ပရိတ်ရွတ်

Image may contain: 7 people, people standing

နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ဦးဆောင်သွားရောက်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်သမျှကိစ္စအဝဝ အောင်မြင်စေရန် လည်းကောင်း၊ အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်းကင်းငြိမ်းစေရန် လည်းကောင်း၊ ကိုယ်ကျန်းမာစိတ်ချမ်းသာစေရန် လည်းကောင်း ရည်သန်လျက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို ဦးဆောင်၍ ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး တည်ထားကိုးကွယ်လျက် ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အနန္တရာယိက မင်္ဂလာအခမ်းအနားကျင်းပ၍ ဆုတောင်းမေတ္တာ ပို့သကြသည်။

အနန္တရာယိကမင်္ဂလာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝတ်ရွတ်အသင်းတို့ တက်ရောက်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဌာန်းဒေသနာတော်နှင့် ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းမေတ္တာပို့သကြ သည်။ အခမ်းအနား မစတင်မီ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ချိုချိုသည် ထာဝရငြိမ်းချမ်းရေးစေတီတော် အား လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်သည်။ အခမ်းအနားကို နိုင်ငံတော်သမ္မတ၏ဇနီး ဦးဆောင်သော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ယင်းနောက် အခမ်းအနားမှူးက စိန်ရောင်ခြည်ဘုရားပင့်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဦးဆောင်သော ဧည့်ပရိသတ်များသည် ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ဓမ္မစကြာနှင့် ပဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ကာ အရပ် ၁၀ မျက်နှာ မေတ္တာဘာဝနာပွားများခြင်း၊ အမျှပေးဝေခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
Image may contain: 5 people, people sitting and indoor
Image may contain: 4 people, people sitting and indoor
Image may contain: 7 people, people smiling, people standing and indoor
Image may contain: 1 person, sky and outdoor
Image may contain: 6 people, people standing, child and outdoor
Image may contain: 13 people, people sitting and indoor
Image may contain: 6 people, people standing and outdoor
Image may contain: 4 people, indoor
Image may contain: 9 people, people smiling, people sitting and indoor
Ref; Myanmar Digital News

No comments:

Post a Comment

My Blog List