Tuesday, December 10, 2019

အင်းစိန်နှင့်မင်္ဂလာဒုံတွင် ကျီးလန့်စာစား ထိပ်လန့်နေရသည့် မှုခင်းများအရေးလွှတ်တော်တွင်မေး ယခင်နှစ်ကာလများထက် ယခု မှုခင်းဖြစ်မှု ကျဆင်းသွားပြီဟုအဖြေပေး


ရန်ကုန် အင်းစိန် နှင့် မင်္ဂလာဒုံတွင် နေ့စဉ် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ခိုးမှုများဖြစ်နေ၍ ရဲတပ်ဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲပေးမည်နည်းဆိုသည့် မေးခွန်းတစ်ခုကို ယင်းဒေသ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ နော်လှလှစိုးက လွှတ်တော်တွင် ယနေ့မေးခွန်းထုတ်ခဲ့သည်။

မေးခွန်းထုတ်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်က “ပြစ်မှုကျူးလွန်မှုများဟာ ညဘက်သာမက နေ့လယ် အချိန်လူမြင်ကွင်းနဲ့ လူနေရပ်ကွက်အတွင်းမှာပါ ပေါ်ပေါ်တင်တင် ကျူးလွန်လျက်ရှိနေပါတယ်။ ပြည်သူများဟာ ကျီးလန့်စာ စားနေထိုင်ရပြီး လူမှုရေး စီးပွားရေးများပါ ထိခိုက်နေရပါတယ်။ခိုးမှုတွေများပါတယ်။နေ့ခင်းစက်ဘီးခိုးခံရမှုတွေပါ“ဟု ပြောဆိုခဲ့သည်။
အင်းစိန်မြို့သည် စတုရန်းမိုင် ၁၃မိုင်ကျော်ကျယ်ဝန်းပြီး အိမ်ခြေ၄၈၀၀၀ကျော်ရှိကာ လူဦးရေ ၂သိန်း၇သောင်းကျော်နေထိုင်သည့် မြို့တစ်ခုဖြစ်ပြီး၊မင်္ဂလာဒုံမြို့သည် စတုရန်းမိုင် ၄၄မိုင်ကျော်ကယ်ဝန်းပြီး အိမ်ခြေ ၄၇၀၀၀ကျော် လူဦးရေ ၂သိန်း၆သောင်းကျော်နေထိုင်သည့် မြို့တစ်ခုဖြစ်သည်။
၂၀၁၈ခုနှစ်အောက်တိုဘာလအထိ အင်းစိန်နှင့်မင်္ဂလာဒုံတွင် လူသတ်မှုအပါအဝင်အမှုကြီး ၄၄မှု၊အခြားအမှု၁၅၂၃မှု၊ခိုးမှု ၁၄၈မှု ဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ်အောက်တိုဘာလအထိ အင်းစိန်နှင့်မင်္ဂလာဒုံတွင် လူသတ်မှုအပါအဝင်အမှုကြီး ၄၀မှု၊အခြားအမှု၁၀၀၃ မှု၊ခိုးမှု ၈၁မှု ဖြစ်ပွားခဲ့သည်။
ပြည်ထဲရေးဒုတိယဝန်ကြီးက အင်းစိန်တွင် ရဲနှင့်ပြည်သူအချိုးက ၁အချိုး၁၈၃၀၊မင်္ဂလာဒုံတွင် ရဲနှင့်ပြည်သူအချိုးက ၁အချိုး၁၁၅၇ဟု ရှင်းပြကာ ရဲတစ်ဦးလျှင် ပြည်သူ ၁၀၀၀ကျော်ကို တာဝန်ယူနေရကြောင်းပြောသည်။
ယင်းနောက် အင်းစိန်နှင့်မင်္ဂလာဒုံကို ပထမဦးစားပေး၊ဒုတိယဦးစားပေး အစီအစဉ်များဖြင့် မှုခင်းကျဆင်းရေးဆောင်ရွက်လျှက်ရှိပြီး ၂၀၁၈ အောက်တိုလာ နှင့် ၂၀၁၉ အောက်တိုဘာ တို့ နှိုင်းယှဉ်မှုအရ အမှုကြီး ၄မှု၊အခြားအမှု ၅၀၀ကျော်ခိုး၊မှု ၆၇မှုကျဆင်းသွားကြောင်း ဒုဝန်ကြီးက ပြောသည်။
လက်ရှိတွင် အမျိုးသားအဆင့်မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား တိုင်းဝန်ကြီးချုပ် ဥက္ကဌအဖြစ်တာဝန်ယူ၍ ဆောင်ရွက်နေကြောင်းလည်း ဒုဝန်ကြီးက လွှတ်တော်ကို ရှင်းပြခဲ့သည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List