Monday, December 09, 2019

မန္တလေးတွင် လာမည့်တစ်ပတ်အတွင်း ပုံမှန်အပူချိန်ထက် လျော့နည်းကာ အအေးပိုမည်


မန္တလေးတွင် လာမည့်သီတင်းတစ်ပတ်အတွင်းမှ စတင်၍ ပုံမှန်အပူချိန်ထက် လျော့နည်းကာ အအေးပိုလာ နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံကသိရသည် ။

လာမည့်ဒီဇင်ဘာလလယ်မ ွဇန်နဝါရီလလယ်ခန့်အထိမှာ ဆောင်းရာသီ၏အအေးပိုကာလဖြစ်ပြီး မြန်မာနိုင်ငံတွင် အနောက်ဘက်လေပွေလှိုင်းများကြောင့် အပူချိန်ကျဆင်းလာကာ အအေးပိုခြင်းများကို တွေ့ရှိရကြောင်း သိရသည် ။
'' မန္တလေးမှာ လာမယ့်သတင်းပတ်တွေ မိုးလေဝသ ယေဘုယျ သုံးသတ်ချက်တွေအရဆိုရင် ပုံမှန် အပူချိန်အောက် မှာဆက်ပြီးတော့ အအေးဓါတ်ရှိမယ်" ဟုအဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောသည်။
ယခုနှစ်တွင် ဆောင်းလေအေးများ တိုးဝင်နေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ညအပူချိန်များ လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က သိရသည် ။
ထို့ပြင် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့်လည်း ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ ကျဆင်းကာ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများအဖြစ် များနိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
သူရိန်လင်း

No comments:

Post a Comment

My Blog List