Monday, December 09, 2019

မြန်မာအစိုးရနှင့် စစ်တပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် စွဲချက်တင်မှု ကြိုဆိုကြောင်း လူထုအခြေပြု ကရင်အမျိုးသမီးများ ကွန်ရက်က ထုတ်ပြန်

Image may contain: textImage may contain: text
ICJ ၊ ICC နှင့် အာဂျင်တီးနား တရားရုံး ၃ ခုတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြင့် တရားစွဲဆိုမှုသည် မြန်မာစစ်တပ်၏ ကျူးလွန်မှုကို ခံရသူများအတွက် တရားမျှတမှုကို ဆောင်ကြည်း ပေးနိုင်သည့် စင်မြင့်များ ဖြစ်တည်လာပြီး ကျူးလွန်သူများကို ရပ်တန့်ရမည်ဖြစ်ကြောင်း လူထုအခြေပြု ကရင်အမျိုးသမီးများ ကွန်ရက်က ကြေညာချက် တစ်စောင် ထုတ်ပြန်၍ တရားစွဲဆိုမှုများကို ကြိုဆိုလိုက်သည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် နိုင်ငံတကာက တရားစွဲဆိုသော အမှုများသည် မြန်မာနိုင်ငံ၏ တရားမျှတမှုဆိုင်ရာ အရွေ့အပြောင်း အတွက် အထောက်အကူဖြစ်စေကြောင်း၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် FFM ၏ မှတ်တမ်းများအရ မြန်မာစစ်တပ်၏ ကျယ်ပြန့်သော အဓမ္မပြုကျင့် ကျူးလွန်မှုများနှင့် ကျား-မအခြေပြု အကြမ်းဖက်မှုများ၏ အထောက်အထားများအပေါ် အထူးတုန်လှုပ်ခဲ့ရကြောင်း လည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများအပေါ် ဆယ်စုနှစ်များစွာ ချိုးဖောက်ကျူးလွန်မှုများအတွက် အပြစ်ပေး အရေါ်ယူခံရမှုမှ ကင်းလွတ်နေကြောင်း၊ ယင်းသို့ ချိုးဖောက်ကျူးလွန်သူများကို အပြစ်ပေး အရေးယူခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး တည်ဆောက်မှုပြသရန် တောင်းဆိုခဲ့ကြောင်း၊ တရားမျှတမှုကို သယ်ဆောင်ပေးရန် နှင့် ဖြစ်ပွားနေဆဲ ရာဇဝတ်မှုများ အဆုံါ်သတ်စေရန် နိုင်ငံတကာ၏ ဆောင်ရွက်မှုများအပေါ် အားထားကာ အမှီသဟဲပြုနေရဦးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment

My Blog List