Friday, November 14, 2014

အစ္စလာမစ္စစ် စစ်သွေးကြွခေါင်းဆောင်၏ မိန့်ခွန်း အွန်လိုင်းပေါ် ပျံ့နှံ့


အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း ဒဏ်ရာရသလိုလို သတင်းထွက်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် အဘူဘာကာ အယ် ဘာဒီရဲ့ မိန့်ခွန်းတခု အွန်လိုင်း ပေါ် ရောက်နေပါတယ်။ မိန့်ခွန်းကို သီးခြား အတည်မပြုနိုင်ပေမယ့် ဇူလိုင်လက အီရတ်နိုင်ငံ မိုဆိုးလ်မြို့ ဗလီမှာ အယ်ဘာဒီ မိန့်ခွန်းပြောခဲ့တုန်းက အသံနဲ့ ထပ်တူညီပါတယ်။

မိန့်ခွန်းထဲမှာ ဆီရီးယားနဲ့ အီရတ်မှာ အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးဟာ ကျဆုံးနေတယ်လို့ ပြော ထားပါတယ်။

ဂျီဟတ် လှုပ်ရှားမှုဟာလည်း အရှိန်မြင့်တက်ပြီး အခုဆိုရင် အီရတ်နဲ့ ဆီရီးယား သာမက နောက်ထပ် အာရတ် လေးနိုင်ငံအထိ ပျံ့နှံ့နေပြီလို့ ဆိုထားပါတယ်။

မိန့်ခွန်းမှာ နေ့ရက် အတိအကျ မပါဝင်ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့က သမ္မတ အိုဘားမားက အမေရိ ကန် တပ်အင်အား  ၁၅၀၀ အီရတ်မှာ တိုးချဖို့ ကြေညာခဲ့တာကို ရည်ညွန်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဆော်ဒီ အာရေးဗီးယားက အုပ်စိုးသူတွေကိုလည်း တိုက်ခိုက်ကြဖို့ ထောက်ခံသူတွေကို အယ်ဘာ ဒီက ဆော်သြထားပါတယ်။

ဇွန်လက အိုင်အက်စ်အဖွဲ့တွေ ထိုးစစ်စတင်တဲ့ အချိန်ကစလို့ ဆော်ဒီဟာ နယ်စပ်မှာ တပ်အင်အား ထောင်နဲ့ချီ ချထားပြီး အိုင်အက်စ်အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

ဇွန်လမှာ ဘုရင် အပ္ဗဒူလာက ဆော်ဒီကို အိုင်အက်စ်အဖွဲ့ရဲ့ ရန်က ကာကွယ်ဖို့ လိုအပ်တာတွေ အားလုံးကို ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ဆီရီးယားနဲ့ အီရတ်မှာ နယ်မြေတချို့ကို ဇွန်လမှာ သိမ်းခဲ့ပြီး အခုဆိုရင် လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆော်ဒီနဲ့ အယ်ဂျီရီးယားတို့မှာ သစ္စာခံသူတွေ ရှိနေပြီလို့လည်း အယ်ဘာဒီက ပြောထားပါတယ်။

DVB

No comments:

Post a Comment

My Blog List