Tuesday, November 11, 2014

နိုဝင်ဘာလကုန် ဆွေးနွေးပွဲပြန် စနိုင်ဖို့ UWPC နဲ့ NCCT တွေ့ဆုံဆွေးနွေး


ဒီလအတွင်းမှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တချို့ ဟာ နေပြည်တော်က နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ပြောပါတယ်။

"ဒီဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက်ချတာမဟုတ်ပေမဲ့ ရလာဒ်တစ်ခုအနေနဲ့ ကတော့ အခုတစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ဆက်ချုပ် ဆိုနိုင်ဖို့အထိ ပြီးရင်တော့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို သွားမယ်လို့ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခွင့်ရခဲ့တယ်၊ ရှေ့ဆွေးနွေး ပွဲတွေကို ဘယ်လိုပြန်ပြီင်္းတော့ ကျင်းပနိုင်မလဲဆိုတာကို တစ်ဖွဲ့ချင်းအနေနဲ့ အလွတ်သဘော ဆွေးနွေးကြည့် တဲ့သဘောပါပဲ၊ ဝန်ကြီးဦးအောင်မင်းဘက် ကတော့ နိုဝင်ဘာလထဲမှာပဲ တွေ့ဆုံဆွေးနွေးတွေ ဆောင်ရွက် ဖို့တော့ အဆိုပြုထား ပါတယ်"

ဆွေးနွေးပွဲကို ဦးနိုင်ဟံသာ ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့နဲ့ ၀န်ကြီးဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးခင်ရီ၊ ဦးသန်းဌေးတို့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုမရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီလ အတွင်း ပြန်လည်ကျင်းပမယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List