Thursday, November 13, 2014

မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု အခမ်းအနားသို့ ဂျပန်မင်းသားကြီး ဆန်နီချီးဘား လာရောက်ဖျော်ဖြေမည်


မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ်(၆၀)ပြည့် အခမ်းအနားတွင် ဂျပန် နာမည်ကြီး ရှိုးဂန်းမင်းသားကြီး ဆန်နီ ချီးဘား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ်(၆၀)ပြည့် အခမ်းအနားအား ဒဂုံမြို့နယ်ရှိ မြို့မကွင်း (မိုင်ဒါကွင်း) တွင် နိုဝင်ဘာ(၁၆)ရက်နံနက်(၁၀း၀၀)နာရီမှ ည(၁၀း၀၀)နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

" ဂျပန်မြန်မာ ချစ်ကြည်ရင်းနှီးမှု နှစ်(၆၀)ပြည့် ပျော်ပွဲ၊ရွှင်ပွဲများ။ဂျပန်နိုင်ငံမှ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာ ရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာအား အနော်မာသုခုမ မီဒီယာမှ ဖျော်ဖြေတင်ဆက်မှု များ တေးသံရှင် ဇော်ဝင်းထွဋ်နဲ့ အခြားအနုပညာရှင်တွေက ဖျော်ဖြေသွားမှပါ။" ဟု yangon press မှ မသိင်္ဂီအောင်က ပြောသည်။

ထို့ပြင် နှစ်(၆၀)ပြည့် ပျော်ပွဲ၊ရွှင်ပွဲတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီးများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဂျပန်ရိုးရာနှင့် မြန်မာ့ရိုးရာ အစားအသောက်များ နှင့် အ၀တ်အထည်များကို ရောင်းချမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

" မြန်မာလူမျိုးတွေ အများကြီးနဲ့ တွေ့ဆုံဖို့ နှလုံးသားထဲက လှိုက်လှဲစွာမျှော်လင့်မိပါတယ်။ ဒီပွဲကတော့ ဂျပန်နဲ့ မြန်မာရဲ့ ချစ်ကြည်မှုကိုပိုမိုနက်ရှိုင်းစေမှာ သေချာပါတယ်။ မြန်မာပြည်ကိုတိုးတက်ပြည့်စုံစေချင် ပါတယ်" ဟု ဆန်နီချီးဘားက ပြောဆိုခဲ့ကြောင်း မသင်္ဂီအောင်ကတဆင့် ပြန်လည်ပြောပြသည်။

ဂျပန်ရှိုးဂန်းမင်းသားကြီး ဆန်နီချီဘားသည်  နိုဝင်ဘာလ ၁၇ ရက်နေ့တွင်မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးလူမင်း နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ်(၆၀)ပြည့် အခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲများ ကလေးများအတွက် ကလေး ကစားကွင်းများ၊ ခြားရဟတ်များ။Model Girls များ၏ဧည့်ခံမှုများနှင့်အတူ Cosplay Game များဖြင့်တင်ဆက်
ဖျော်ဖြေသွားမည်ဖြစ်သည်။

နှစ်(၆၀)ပြည့် မြန်မာ - ဂျပန်ချစ်ရင်းနှီးမှု ပျော်ပွဲရွှင်ပွဲအား ကွင်းဝင်ကြေး အခမဲ့နှင့် ရုံဝင်ခတစ်ဦးလျှင် ကျပ် (၅၀၀၀) သတ်မှတ်ထားသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List