Friday, November 14, 2014

အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်


နေပြည် တော် အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၁)တွင် ပြုလုပ် သည့် 2nd ASEAN-U.S Summit ဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အဖွင့်မိန့် ခွန်းပြောကြားရာ၌ မြန်မာဟု ခေါ် ဝေါ်သုံးစွဲသွားကြောင်း သိရသည်။

အမေရိကန်သမ္မတအိုဘားမား သည် ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာ စဉ် မြန်မာနိုင်ငံဟု ထပ်မံခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံ တော်သမ္မတဦးသိန်းစိန်မှ အဖွင့်အ မှာစကားပြောကြားပြီးနောက် အမေ ရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတ ဘားရက်အိုဘားမား က ''ယနေ့ အာဆီယံနဲ့ အမေရိကန် တို့ရဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက် မှု ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန် တော်မျှော်လင့်ပါတယ်။ 

သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်အလွန်ကျေး ဇူးတင်ပါတယ်။ ဧည့်ဝတ်ကျေပွန်မှုနဲ့ ယခုအစည်း အဝေးကို အတူတက် ရောက်ဖို့ ဖိတ်ကြားခဲ့လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ယခုနှစ်အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့တာဟာ အလွန်ကြီးမြတ်လှပါတယ်။ ဒါဟာ အ ရေးကြီးတဲ့ ဒေသတွင်းပြဿနာတွေ အပေါ်မှာ အကြွင်းမဲ့ခေါင်းဆောင်မှု ပေးနိုင်တယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတက ''ယခု အာဆီယံဟာ အာရှတိုက်ရဲ့အလယ် မှာ လျင်မြန်စွာ ကြီးထွားလာနေပါ တယ်။ ပြည်သူတွေ ရည်ရွယ်ချက် ကြီးမားပြီး အစွမ်းအစနဲ့ ဥာဏ်ရည် ထက်မြက်ကြတယ်။ မနက်ဖြန်ဆို ရင် ကျွန်တော်ဟာ အရှေ့တောင် အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အာဆီယံနဲ့ အမေရိကန်တို့ရဲ့ ခိုင်မာတဲ့ဆက် ဆံရေးဟာ အာရှပစိဖိတ်ဒေသရဲ့ အနာဂတ်၊ အမြင်တူညီမှုကိုထင်ရှား စေဖို့ အမှန်ပဲ လိုအပ်လှပါတယ်။ လွန်ခဲ့တဲ့ခြောက်နှစ်က ကျွန်တော်တို့ အခုလိုပူးပေါင်းမှုကို တိုးမြှင့်ချဲ့ထွင်ဖို့ အတွက် အထူးကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ လုပ်နိုင်ခဲ့ ပြီဆိုတာ ကျွန်တော်တို့အားလုံး သဘောတူပြီးဖြစ်ပါတယ်။ 

အမေရိကန်က ဘာကြောင့် အာဆီယံနဲ့ ခိုင် မြဲတဲ့ဆက်ဆံရေးကို ကတိပေးရသလဲ ဆိုရင် နှစ်ဖွဲ့လုံးဟာ အဖွဲ့တစ်ခု၊ အ သိုင်းအဝိုင်းတစ်ခုအဖြစ် နိုင်ငံတွေ စုပေါင်းပြီး အကျိုးစီးပွားနဲ့ တန်ဖိုး တွေကို မျှဝေကြ လို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးချင်းလုပ် တာထက် စုပေါင်းလုပ်တာဟာ အား ကောင်းတယ်လို့ ယုံကြည်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ပိုပြီးတော့ရင်းနှီးတဲ့ အပေါင်းအဖော်အဖြစ်နဲ့ ဒေသတွင်း နဲ့ ကမ္ဘာကြီး ရဲ့စိန်ခေါ်မှုတွေကို ရင် ဆိုင်သွားရမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါ့ကြောင့် သမ္မတကြီးဦးသိန်းစိန်ကို အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ''ဟု ပြောသည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံဟု သုံးစွဲခြင်းသည် နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍများမှာ ယခင်ထက်ပိုမို ကောင်းမွန်လာသည့် လက္ခဏာများ ဖြစ် သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာ သူများက သုံးသပ်ကြသည်။

TH
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List