Tuesday, November 11, 2014

ဦးအောင်သောင်းကို ဒဏ်ခတ်ပိတ်ဆို့မှု NLD ဘာကြောင့် ကန့်ကွက်သလဲ


ကြံခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် နိုင်ငံက ပစ်မှတ်ထား အရေးယူ တာနဲ့ ပတ်သက်ပြီး လွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။ လွှတ်တော်ထဲ ကန့်ကွက်ကြတဲ့ထဲမှာ NLD အမတ်တွေလည်း ပါပါတယ်။ NLD အမတ်တွေက ဦးအောင်သောင်းဘက်ကနေ နာကြသလား လို့ မေးခွန်း ထုတ်နေကြပါပြီ။

ဦးအောင်သောင်းဟာ ပြီးခဲ့သော အနှစ် ၂၀ အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အကြီးအကျယ်အဟန့် အတားပြုခဲ့သူဖြစ်တယ်၊ ဒါကြောင့် သူ့ကို အရေးယူ ပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ သင့်လျော်တယ်လို့ ယူဆသူ အများအပြား ရှိပါတယ်။

ဒီလိုအခြေအနေမှာ  NLD အမတ်တွေက ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ကန့်ကွက်ခဲ့ကြခြင်းပါ။

မကြာသေးခင်နှစ်များအထိတော့ NLD အမတ်တွေက ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အားပေးခဲ့ သူတွေပါ။ 

ခုတော့ ရပ်တည်ချက် ပြောင်းလဲသွားပြီး လွှတ်တော်ထဲ ကန့်ကွက်နေကြပါပြီ။ ဘာကြောင့် ဒီလို ကန့်ကွက် ခဲ့ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ အဖြေ ရှိနေ ပါတယ်။

"ကလဲ့စားချေဖို့က အဓိကမဟုတ်ဘူး၊ ရင်ကြားစေ့ဖို့က အဓိက" ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ RFA အသံလွှင့်ဌာန အွန်လိုင်း စာမျက်နှာမှာ တနင်္လာနေ့က ရေးထားပါတယ်။

"အမျိုးသား ရင်ကြားစေ့ရေးအတွက် သွားဖို့ လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကို ကျမတို့က သိပ်ပြီး စိတ်မပါဘူး၊ ဘယ်သူ့ကိုမှအကျိုးမပြုဘူး၊ အခုအချိန်မှ ငြိမ်းချမ်းရေးအတွက် လုပ်နေတယ် ဆိုလို့ရှိရင် တချိန်တခါတုန်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အဖွဲ့တွေတောင်မှ အဆင်ပြေအောင် လုပ်နေတဲ့အချိန်မှာ ဒီဟာတွေလုပ်တာဟာ နိုင်ငံကို ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ အဲ့ဒါပဲကြည့်ရမယ် .... ကျမ အစကတည်းကပြောပြီးပြီလေ၊ ကလဲ့စားချေဖို့ စိတ်ထဲမှာ မရှိခဲ့ဘူး"

ဒီအဖြေကို နှစ်သက်သူ လေးစားသူ အများအပြား ရှိသလို .... သိပ်ပြီး သဘောထားကြီးမနေနဲ့လို့ ပြောဆို သူလည်း အများအပြား ရှိနေပါတယ်။

နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဟာ ကြံ့ခိုင်ရေးပါတီအပေါ်   NLD နဲ့ အမေရိကန် အစိုးရ ပေါင်းပြီး ညစ် ပတ်ခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တယောက်ဖြစ်တဲ့   ဦးလှဆွေက ယူဆနေပါတယ်။  

ဧရာဝတီblog

No comments:

Post a Comment

My Blog List