Friday, November 14, 2014

အကြမ်းဖက်မှုအန္တရာယ်နှင့် ပတ်သက်၍ ထိပ်သီးဆွေးနွေးပွဲတွင် ကြေညာချက်ထုတ်ပြန်



(၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးမှတစ်ဆင့် အိုင်အက်စ်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက် ၍ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှ တောရိုင်း တိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှုကို တိုက်ဖျက်ခြင်းဆိုင်ရာ ကြေညာစာတမ်းနှင့် အီဘိုလာရောဂါဖြစ်ပွားမှုကို တုံ့ပြန်သော ကြေညာချက်များကို အတည်ပြုခဲ့သည်။ 



အီရတ်နှင့် ဆီး ရီးယားရှိ အကြမ်းဖက် အဖွဲ့အစည်းများ၊ အစွန်းရောက်အခြေခံ ဝါဒီများ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်နိုင် ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်များကို လျင်မြန်စွာတုံ့ပြန်ရန် လမ်းညွှန်ချက် ထုတ်ပြန်ခဲ့သည်။

‘‘တောင်တရုတ် ပင်လယ် ပြင်မှာ လိုက်နာဆောင်ရွက်ရန် ကိစ္စများနဲ့ ပတ်သက်တဲ့ အာဆီယံ-တရုတ် တောင်တရုတ်

ပင်လယ် ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကြေ ညာချက် (ဒီအိုစီ) အပြည့်အဝ အကောင်အထည်ဖော်ရေး၊ တောင်တရုတ်
ပင်လယ်ပြင် လုပ်ထုံးလုပ်နည်း (စီအိုစီ) ဆောလျင်စွာ ပေါ်ထွက်ရေးတို့ကို အတူတကွ ဆက်လက် ဆောင်ရွက်ကြဖို့ ထပ်လောင်း ကတိကဝတ်ပြုကြပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံ- တရုတ် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်
ရွက်ရေးနှစ်အဖြစ် သတ်မှတ်ရေး ကြေညာချက်ကိုလည်း ကြိုဆိုခဲ့ကြပါတယ်။ 

ဒါ့အပြင် အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အဆင့်မြှင့်တင်နိုင်ရေးနဲ့ အခြေခံ

အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးဘဏ် ထူထောင်နိုင်ရေးကိစ္စတို့ ကို ဆက်လက်ဆောင်ရွက်သွား ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်’’ ဟု ၎င်းကပြောသည်။

ဦးသိန်းစိန်က (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အာဆီယံဥက္ကဋ္ဌ ကြေညာ စာတမ်းကို ထုတ်ပြန်နိုင်ခဲ့ခြင်း၊ ၂၀၁၅ ခုနှစ်အလွန် အာဆီ ယံ အသိုက်အဝန်း မျှော်မှန်းချက် ဆိုင်ရာ အဓိက အချက်များကို ဖော်ပြသည့် နေပြည်တော် မူ ဘောင်ကို ချမှတ်နိုင်ခဲ့ခြင်း၊ အာ ဆီယံ အတွင်းရေးမှူးချုပ်ရုံး အား ဖြည့်ခိုင်မာစေရေးနှင့် အာဆီယံ အဖွဲ့အစည်းများအား ပြန်လည် သုံးသပ်ရေး


ဆိုင်ရာ ကြေညာစာ တမ်းကို အတည်ပြုချမှတ် နိုင်ခဲ့သည်ဟု သမ္မတက ထိပ်သီးဆွေးနွေးပွဲရလဒ်အဖြစ် ပြောသည်

အိုဘားမားနှင့် ဦးသိန်းစိန် လက်ဆွဲနှုတ်ဆက်စဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List