Tuesday, November 11, 2014

အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေ အနေကို အနီရောင်အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်


အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်ကာလအတွင်းတွင် မြန်မာနိုင်ငံ၏ဒေသတွင်း လုံခြုံရေး အခြေအနေကို အမြင့်ဆုံးအနီရောင်အဆင့်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် အာဆီယံအစည်းအဝေး ကျင်းပခြင်း၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုခံနေရသည့် နိုင်ငံ တစ်ခုထဲတွင် ပါဝင်လာခြင်း၊ လွန်ခဲ့သည့် ရက်ပိုင်းခန့်က မော်လမြိုင်ဘက်မှ အကြမ်းဖက်သမား လေးဦး ဝင်ရောက်လာသည့်သတင်းများကြောင့် ယခုကဲ့ သို့လုံခြုံရေးအနီရောင် အဆင့်သတ်မှတ်ထားရ ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက''လုံခြုံ ရေးကို အင်တိုက်အားတိုက်လုပ် ဆောင်
နေပါတယ်။ အမြင့်ဆုံးအနီ ရောင်အဆင့်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်နေတယ်။ အင်တာပိုရဲ တပ်ဖွဲ့က လဲ ကူညီဆောင်ရွက်ပေး နေပါတယ်''ဟု ပြောသည်။

လုံခြုံရေး အနီရောင်အဆင့်ဖြင့် သတ်မှတ်ထားချိန်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကအဖွဲ့ခွဲကာ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အစည်းအဝေးကျင်းပချိန် ကာလအတွင်း တပ်မတော်(လေ)မှ နေ့စဉ် ကင်းလှည့်စစ် ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ နယ်စပ်လုံခြုံရေးအတွက်လည်း လုံခြုံ ရေးကင်းလှည့်မှု များကိုပါ တပ်မတော်က တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များကလည်း အစည်းအဝေး ကျင်းပသည့်နေရာ၊ နေပြည်တော်နှင့် ဆက်စပ်ခရိုင်၊ တိုင်း၊ နယ်စပ်ရေ ကြောင်း၊ လေကြောင်း ဝင်ပေါက်ထွက် ပေါက်များ၏လုံခြုံရေးကို တာဝန် ယူကာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အာဆီယံလုံခြုံရေး ဆပ်ကော် မတီမှ ရဲမှူးကြီးဇော်ခင်အောင်က''တပ် မတော်က ဝေဟင်လုံခြုံရေးနဲ့ နယ် စပ်လုံခြုံရေးတွေအတွက် ဆောင်ရွက်သွားမှာဖြစ်သလို ရဲတပ်ဖွဲ့ကလုံခြုံရေး တွေကို ပူးပေါင်းဆောင်ရွက်နေ ပါတယ်။ သူ့နေရာနဲ့သူပေါ့။ နိုင်ငံတကာ ခေါင်းဆောင်တွေကို ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက်လဲ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။

ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းကြည် က ''အကြမ်းဖက် ခြိမ်းခြောက်ခံနေ ရတဲ့အတွက် လုံခြုံရေးအဆင့်ကို အ နီရောင်အဖြစ် သတ်မှတ်ထားတာ မဟုတ်ပါဘူး။ အာဆီယံအစည်း အဝေး ရှိတယ်၊ နိုင်ငံ့ခေါင်းဆောင်တွေလဲ တက်ရောက်ကြမယ်။ လုံခြုံရေးအရ အင်တိုက် အားတိုက် တင်းတင်းကျပ် ကျပ် ဆောင်ရွက်ထားတဲ့အတွက် ယခုလို အနီရောင်အဆင့်အဖြစ် သတ်မှတ်ရတာပါ'' ဟု ပြောသည်။ 

(၂၅)ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးကို နေပြည်တော် တွင် နိုဝင်ဘာ ၁၁မှ ၁၃ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံ့ခေါင်း ဆောင်များစွာ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံ့ခေါင်းဆောင် များ၏ လုံခြုံရေးအတွက်လည်း ရဲမှူး များက တစ်ဦးချင်းစီအလိုက် တာဝန် ယူကာ လုံခြုံရေးအတွက် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ သိရသည်။

KMZ
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List