Monday, November 17, 2014

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရိုဟင်ဂျာဟု သုံးနှုန်းမှုချင့်ချိန်ရန် ဘန်ကီမွန်းကိုတောင်းဆိုခဲ့ဟု ရခိုင်ဝန်ကြီးချုပ် ပြော



ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရန် ရိုဟင်ဂျာဟု သုံးနှုန်းပြော ဆိုမှုကို ချင့်ချိန်စဉ်းစားရန် မစ္စတာ ဘန်ကီမွန်းထံ တရားဝင်တောင်း ဆိုခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခဲ့မှုအပေါ် တရားဝင်စာပေးပို့မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်က စစ်တွေမြို့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးမောင်မောင်အုန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူ မျိုးမရှိကြောင်း၊ အစိုးရကကုလအပါအ၀င် နိုင်ငံတကာသို့ အကြိမ် ကြိမ်ပြောကြားခဲ့ပြီးဖြစ်၍ ၎င်းအနေဖြင့် မစ္စတာ ဘန်ကီမွန်းက ရို ဟင်ဂျာဟု သုံးနှုန်းခဲ့မှုကို လက်မခံနိုင်ကြောင်း ဆိုသည်။

အနာဂတ်ရခိုင်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ယင်းကဲ့သို့ သုံးနှုန်းပြော ဆိုမှုများ ကို ချင့်ချိန်တွေးတောရန် လိုအပ် ကြောင်း မစ္စတာဘန်ကီမွန်းထံ တရားဝင် တင်ပြတောင်းဆိုခဲ့သည်ဟု ဦးမောင်မောင်အုန်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အရေးသည် ပြည်တွင်းရေးအခြေအနေမဟုတ် ဘဲ နိုင်ငံတကာအရေးကိစ္စဖြစ်ပြီး အနာဂတ်တွင် ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို သိမ်မွေ့ညင်သာ စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း မီဒီယာများအား ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List