Friday, November 14, 2014

ထိပ်သီးအစည်းအဝေးများ အောင်မြင်စွာကျင်းပပြီး နိုင်ငံတကာစင်မြင့် ပြန်လည်တက်လှမ်းလာသော မြန်မာ



တိုက်ပုံအဖြူ၊ နံ့သာရောင် ပိုးတွဲပုဆိုးတို့ဖြင့် သမ္မတ ဦးသိန်းစိန် ပထမဆုံးကြိုဆိုနှုတ်ဆက်ရသူမှာ အသစ်စက်စက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဖြစ် သည်။ အိမ်ရှင်ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် မရောက် မီကပင် ရောက်ရှိနေခြင်းဖြစ်သည်။ဂျိုကိုဝီဒိုဒိုရောက်ပြီး ငါးမိနစ်ခန့်ကြာမှသာ သမ္မတဦးသိန်းစိန်ရောက်ရှိလာကာ အရှေ့အာရှ အစည်းအဝေးတက်ရောက် မည့်သူများတဖွဲဖွဲ ရောက်လာကြသည်။
ဒုတိယမြောက်ရောက်ရှိသူ က အိန္ဒိယ၀န်ကြီးချုပ်နရန်ဒရာမို ဒီဖြစ်သည်။ တရုတ်ဝန်ကြီးချုပ် မှလွဲ၍ ကျန်ခေါင်းဆောင် များ နှင့်သမ္မတဦးသိန်းစိန်တို့ နှုတ်ဆက်ပုံမှာ နွေးနွေးထွေးထွေးရှိလှသည်။

နောက်ဆုံးပိတ်ရောက်ရှိ လာသူက တစ်ကမ္ဘာလုံးက စိတ် ၀င်စားနေသည့် ကန်သမ္မတအို ဘားမားဖြစ်သည်။ အိုဘားမား သည် သမ္မတဦးသိန်းစိန်ကို ရင်း ရင်းနှီးနှီးဖြင့် ဖက်လှဲတကင်းလက် ဆွဲနှုတ်ဆက်သည်။ မြန်မာခရီး စဉ်မတိုင်မီကတည်းက မြန်မာ

အပေါ်ထားရှိသည့် ကန်နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ၎င်းအပေါ် ဖိအားပေးပြောကြားမှုများကို လက်ခံရရှိ ထားသော် လည်း သမ္မတအိုဘားမားအသွင် က မြန်မာအပေါ် နှစ်လိုမှုအပြည့် နှင့်ဖြစ်သည်။ နောက်ကျမှ ရောက် လာသော်လည်း သူ့ပုံစံက အတက်ကြွဆုံးဖြစ်သည်။

အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက်ရောက်ရန်နိုင်ငံတကာ ခေါင်းဆောင်များအားလုံးရောက် ရှိလာသော မြင် ကွင်းဖြစ်သည်။ နှစ်ရက်တာအတွင်း စုစုပေါင်း အခမ်းအနား ၁၉ ခု ကျင်းပခဲ့ပြီး ထိုအထဲတွင်အစည်းအဝေးပေါင်း ကိုးပွဲပြုလုပ်ခဲ့သည်။ ပထမဆုံးအကြိမ်ကျင်းပခွင့်ရသော အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာကအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အာဆီယံဥက္ကဋ္ဌရာထူးကို နောင်နှစ်အလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံသို့ အောင်မြင်စွာ လွှဲ ပြောင်းပေးလိုက်နိုင်ပြီဖြစ် သည်။

မြန်မာ့နိုင်ငံရေးကို နောက်ဆုတ်ပေးနေပြီ၊ ရပ်တန့်နေပြီဟု ဝေဖန်မှုများရှိသော်လည်း အာဆီ ယံထိပ်သီး အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း သည် မြန်မာနိုင်ငံက နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် နေရာတစ်ခု ရရှိနေသည် ဆိုခြင်းကို သက်သေ ပြလိုက်ခြင်းဖြစ်ကြောင်း ဘလွန်း ဘာ့ဂ်သတင်းဌာန၏ မြန်မာနိုင်ငံ ဆိုင်ရာသတင်းထောက်က သုံး သပ်သည်။

‘‘မြန်မာက အာဆီယံဥက္ကဋ္ဌ ရာထူးကို ကောင်းမွန်စွာ လုပ်နိုင် တယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် လုပ်နိုင်မှာ မဟုတ်ဘူး။ အခုတော့ နိုင်ငံတကာအဆင့်ကို ရောက်လာခဲ့ပြီ’’ဟု စင်ကာပူအခြေစိုက် The Straits Time သတင်းစာမှ အင်ဒို နီးရှားနိုင်ငံဆိုင်ရာအကြီးအကဲ မစ္စတာ နေမာဂိုရှ်က မြန်မာက အာဆီယံဥက္ကဋ္ဌ ရာထူးထမ်းဆောင် ခြင်းအပေါ်မှတ် ချက်ပြုသည်။

မြန်မာက အာဆီယံဥက္ကဋ္ဌ တာဝန်ကို အမှားအယွင်းမရှိ ထမ်းဆောင်နိုင်ခဲ့၍ နိုင်ငံရေးစင်မြင့် ပေါ်သို့ ရောက်ရှိလာပြီဖြစ် ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ‘‘ အာ ဆီယံထိပ်သီး အစည်းအဝေးကို ပထမဆုံး ကျင်းပခွင့်ရပေမယ့် အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုပါတယ်။ ’’ ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အာ ဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ဖြေရှင်းရမည့် ပြဿနာများနှင့် အကောင်အထည်ဖော်ပေးရမည့် ပြဿနာများက များလှသည်။ တောင်တရုတ်ပင်လယ် ရေပိုင် နက်အငြင်းပွားမှုနှင့် ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ တာဝန်ယူ ထား ချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ကြား တင်း မာမှု မြင့်မား ခဲ့သည်။ ထို့အပြင် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည့် အာ ဆီယံ အသိုက်အဝန်း ဖော်ဆောင် ရေးအတွက်လည်း အဓိက တာဝန်ယူရသည်။ ထိုကဲ့သို့ ရှိရင်းပြဿ နာများ ဖြေရှင်းနေစဉ်အတွင်း အ စွန်းရောက် အကြမ်း ဖက်များကိစ္စ နှင့် အီဘိုလာကူးစက်ရောဂါတို့က ထပ်တိုးလာခဲ့သည်။

ထို့ကြောင့်လည်း ယခုပြု လုပ်သော အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများတွင် တောင် တရုတ် ပင်လယ်အရေးထက် အစွန်း ရောက် အကြမ်းဖက်သမားများ နှင့် အီဘိုလာရောဂါတို့မှာ ရှေ့ တန်းရောက် လာခဲ့သည်။ ဆွေး နွေးပွဲတိုင်းတွင် ထိုကိစ္စနှစ်ခုမှာ မပါမဖြစ် အဓိကအရေးကိစ္စများ ဖြစ်ခဲ့သည်။

ဆွေးနွေးပွဲတိုင်းတွင် တက် တက်ကြွကြွ ဆွေးနွေးသည်မှာ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နှင့် အင်ဒိုနီးရှားမှ ခေါင်းဆောင်တို့ ဖြစ်သည်။ ထိုခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ဆက်ဆံပုံမှာလည်းနွေးနွေးထွေးထွေး ရှိလှသည်။

အာဆီယံထိပ်သီးအစည်း အဝေးများမှာ သာမန်ဆန်လေ့ရှိ သော်လည်း အရှေ့အာရှထိပ်သီး အစည်းအဝေးမှာမူ စူပါပါဝါအင် အားကြီး အမေရိကန်နှင့် တရုတ် နိုင်ငံ ခေါင်းဆောင်များကြောင့် လှုပ်ရှားသက်ဝင်ခဲ့သည်။ ခေါင်း ဆောင်အများစုမှာ ပုံစံခွက်တစ်ခု ထဲ ရောက်နေသည့် သတိအနေ အထား ဖြစ်သော်လည်း ကန် သမ္မတ အိုဘားမားနှင့် ဂျိုကိုဝီဒိုဒို တို့မှာမူ ပေါ့ပေါ့ပါးပါးဟန်ပန်ဖြင့် ပင် အစည်းအဝေးများ တက် ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။

(၉)ကြိမ်မြောက် အရှေ့ အာရှထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာနှင့် ဒေသတွင်း ပူး ပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေ ရေး၊ အာဆီယံ၏ အချက်အချာ ကျမှုကို ထိန်းသိမ်းရေး၊ ဒေသ တွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေး အတွက် သမားရိုးကျနှင့် သမား ရိုးကျ မဟုတ်သော လုံခြုံရေးဆိုင် ရာ စိန်ခေါ်မှုများကို စုပေါင်းကိုင် တွယ် ဖြေရှင်းသွားရေး၊ အာရှ- ပစိဖိတ်ဒေသတွင်း စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးနှင့် ဒေသ ဆိုင်ရာ ပေါင်းစည်းမှုခိုင်မာစေ ရန် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု မြှင့်တင်ရေးတို့ကို ခေါင်းဆောင် ၁၈ ဦးလုံး တံခါး ပိတ်အစည်းအဝေးတွင် အမြင် ဖလှယ်နိုင် ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

အမေရိကန်-အာဆီယံထိပ် သီးအစည်းအဝေးတွင်လည်း လုံ ခြုံရေး၊ စီးပွားရေးကိစ္စများအပြင် အရှေ့တောင်အာရှ အဏုမြူ လက်နက်ကင်းမဲ့ဇုန်စာချုပ်ကိစ္စ၊ လူနှင့် လက်နက်မှောင်ခိုမှု နှိမ် နင်းရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် စီးပွားရေးနှင့် ဆိုင်သောကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေး၊ အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆိုင်သော ကိစ္စ ရပ်များတွင် သဘောတူညီမှုရရှိခဲ့ ကြပြီး အကြမ်းဖက်မှုသဘာဝ ဘေးအန္တရာယ်ကာ ကွယ်ရေးနှင့် ဆိုင်သော ကိစ္စများတွင်မူ အမြင် ခြင်းဖလှယ်ခဲ့ကြသည်။

တောင်တရုတ် ပင်လယ် အရေးနှင့် ပတ်သက်၍ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာအစိုးရ အဓိကဆောင် ရွက်သည့် တောင်တရုတ်ပင်လယ်နှင့် ဆိုင်သောကျင့်ဝတ်စည်းကမ်းများ ကိုမူတရုတ်နိုင်ငံက လက်မခံကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် အာဆီယံ-တရုတ် တောင် တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံး လုပ်နည်း ကြေညာချက် (စီအိုစီ) ပေါ်ပေါက်ရေး ပူးပေါင်းဆောင် ရွက်ရန် ကတိက၀တ်ပြုခဲ့သည်။

ထို့ကြောင့် အာဆီယံ အစည်းအဝေးများမှာ သတ်မှတ် ထားသည့် အချိန်ထက်နောက်ကျ ခဲ့ပြီး နေ့လယ် ၁၁ နာရီတွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ ကို ညနေ ၃ နာရီမှပြုလုပ်နိုင် ခဲ့သည်။ ညနေ ၆ နာရီခွဲတွင် ပြုလုပ်မည့် သမ္မတ ဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲကို ည ၈နာရီထိုးခါနီးမှ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတအိုဘားမားတို့မှာလည်း ည ၈နာရီကျော်မှ တွေ့ဆုံနိုင်ခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးပိတ် ပွဲတွင် သမ္မတဦးသိန်းစိန်က အာ ဆီယံအသိုက်အ၀န်းပေါ်ထွန်း ရေးအတွက် ကြိုးပမ်းရာ တွင် ကြုံ တွေ့ရနိုင်သော စိန်ခေါ်မှုများကို ဖော်ထုတ်ပြီး ၎င်းတို့ကို ကျော် လွှားနိုင်မည့် ပြင်ဆင်မှုများပြုလုပ် နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်က ရှေ့ဆောင်ရွက် မည့်လုပ်ငန်းများကို ရည်ညွှန်း သည်ဆောင်ပုဒ်ကိုမူ အပြည့်အ၀အကောင်အထည်မဖော်နိုင်ခဲ့ ပေ။ အာဆီယံဥက္ကဋ္ဌမြန်မာနိုင်ငံ က ‘‘ရှေ့သို့တူညီတက်လှမ်းချီ ငြိမ်းချမ်းဝေ စည် အသိုက်အ၀န်းဆီ’’ ဟု သတ်မှတ်ခဲ့သည်။

အာဆီယံအသိုက်အ၀န်း ဖော်ဆောင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းစဉ် ၈၀ ကျော် ဆောင်ရွက် ပြီးစီးခဲ့ပြီး ရှေ့ဆက် လုပ်ဆောင်မည့်များအား အကောင် အထည်ဖော်နိုင်ခဲ့သော်လည်း အာဆီယံဒေသတွင်းတွင်မူ မငြိမ်း ချမ်းခဲ့ပေ။ အစွန်းရောက်အကြမ်း သမားများ၏ ခြိမ်းခြောက်မှုများ က ပိုတိုးနေ၍ ဖြစ်သည်။

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment

My Blog List