Tuesday, November 11, 2014

Shwe FM ကရတဲ့ ဆုနဲ့ မိုးစက်ဝိုင် ရဲ့ အလှူအစီအစဉ်


မိုးစက်ဝိုင်က Shwe FM  ၅နှစ် ပြည့်ပွဲမှာ ပရိသတ်တွေရဲ့ မဲပေးမှုကြောင့်အကောင်းဆုံးပွဲတက်ဖက်ရှင်ဆု ကို ရရှိခဲ့ပါတယ်။ ဒီပွဲတက်ဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံက ဖန်တီးချုပ် လုပ်ပေးတာဖြစ် ပြီး ပရိသတ်တွေ vote ပေးလို့ရတဲ့ဆုဖြစ်တာကြောင့်တန်ဖိုးလည်းထားကြောင်း မိုး စက်ဝိုင်က ပြောပါတယ်။ 

Voting နဲ့ ပတ်သက်ရင် ကံစပ်တယ်လို့ဆိုတဲ့  မိုးစက်ဝိုင် က “မျှော်တော့မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ မိုးစက်ရဲ့ ဖေ့စ်ဘုတ်ကပရိသတ်တွေ က Voting ရှိတယ်ဆိုတော့ သူတို့က တက်ကြွနေတယ်။

အားပေးချင် တယ်လို့ ပြောတော့ မိုးစက်က တက်ဖြစ်အောင်တက်မယ်ဆိုပြီး တက်ဖြစ်သွားတာပါ။Voting နဲ့ကတော့ မိုးစက်အမြဲတမ်း ရေ စက်ပါတယ်။ ပရိသတ်တွေ ကလည်း တော်တော်Vote ပေးတယ်။ Focus Online တုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် သွား မယူလိုက်ရတာမျိုးဖြစ်ခဲ့တယ်။ 

ကိုယ်တိုင်အခုချက်ချင်း Voting နဲ့ ဆုရ ပြီးတော့ စင်ပေါ်ထိတက်ယူတယ်ဆိုတာ ဒါပထမဦးဆုံးအ ကြိမ်ပဲ။ဒါပထမဦးဆုံးအကြိမ်ဆိုတော့တအားဝမ်းသာတယ်။ တန်ဖိုး လည်း ထားတယ်” လို့ပြောပါ တယ်။

Shwe FM က ရရှိတဲ့ ဆုမှာ ရွှေဒင်္ဂါး ၄ ပြားပါရှိပြီး ဒီဇိုင်နာမင်းသက်စံ၊ အမြဲတမ်းလိုက်ကူညီပေး နေတဲ့ အန်တီနဲ့ မိခင်ဖြစ်သူတို့ကို ရွှေဒင်္ဂါး၁ပြားစီပေးခဲ့ပြီး ကျန်တဲ့   ရွှေဒင်္ဂါး၁ပြားကိုတော့ အလှူလုပ်တဲ့အခါမှာ ထည့်လှူသွားမှာ ဖြစ် ကြောင်းလည်း မိုးစက်ဝိုင်က ပြောပါတယ်။ 

မိုးစက်ဝိုင်က ဒီဇင်ဘာလ(သို့မဟုတ်) ဇန်နဝါရီလထဲမှာ ပရဟိတအလှူတစ်ခုလုပ်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ လတ်တလောမှာတော့Amazing City Program တောင်ကြီးတန်ဆောင် တိုင်ပွဲအကြောင်းကို တောင် ကြီးမှာ သွားရောက် ရိုက်ကူးနေပြီး Coreana  ကုမ္ပဏီက ဖိတ်ကြားတာကြောင့်နိုဝင်ဘာ ၈ ရက် ကနေ ၁၂ရက်နေ့အထိ ကိုရီးယားကိုပွဲ တက်ဖို့ သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

My Blog List