Tuesday, November 11, 2014

အိန္ဒိယဝန်ကြီးချုပ်က ဝန်ကြီးအသစ် ၂၁ဦး ခန့်ထား၍ အစိုးရအဖွဲ့ကို တိုးချဲ့


အိန္ဒိယဝန်ကြီးချုပ် နာရန္ဒရာမိုဒီသည် ရွေးကောက်ပွဲတွင် ၎င်း၏ BJP ပါတီ အနိုင်ရရှိပြီးနောက် ငါးလခန့်တွင် ဝန်ကြီးအမြောက်အမြားကို ပြောင်းလဲတာဝန်ပေးအပ်ပြီး ၎င်း၏ဝန်ကြီးအဖွဲ့ကို တိုးချဲ့ခဲ့ကြောင်း သိရသည်။
ဝန်ကြီးသစ် ၂၁ဦးသည် ဒေလီ မြို့ရှိ သမ္မတနန်းတော်တွင် ယမန်နေ့က ကျမ်းသစ္စာဆိုခဲ့ကြသည်။ 

၎င်း၏ ဝန်ကြီးသစ်များ ခန့်အပ်မှုတွင် အရေးကြီးဆုံး ခန့်ထားမှုမှာ ဂိုအာပြည်နယ်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်သွားသည့် မာနိုယာ ပါရီကာကို ကာကွယ်ရေးဝန်ကြီးသစ်ခန့်ထားခြင်း ဖြစ်သည်။ 

တခြားသောဝန်ကြီးသစ်များမှာ အိုလံပစ်သေနတ်ပစ်သမား ရာယာဗာဒ် ဟန်ရက် သိုရီ၊ ပိုက်ပြင်သမား ဟောင်းတစ်ဦးဖြစ်သူ ဗီဂျေဆမ်ပလာနှင့် ဘောလိဝုဒ် အဆိုတော် တစ်ဦးဖြစ်သူ ဘာဘူလ်ဆူပရီယို တို့ဖြစ်ကြသည်။

ထိုသို့ ဝန်ကြီးသစ်များခန့်အပ်ခြင်းသည် ဝန်ကြီးအဖွဲ့၌ ဝန်ကြီးစုစုပေါင်း ၆၆ဦး အထိ ရှိလာခဲ့သည်။ မေလ က မစ္စတာမိုဒီသည် အဖွဲ့ဝင် ၄၅ဦးပါ ဝန်ကြီးဌာန တစ်ခုဖွဲ့စည်းခဲ့သည်။ သို့သော်လည်း မကြာ သေးခင်လ များက ဝန်ကြီးအများ အပြားသည် အလုပ်များဖြင့် ဝန်ပိနေပြီး စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ် များ နှောင့်နှေးနေခဲ့ကြောင်း ဝေဖန်ခံခဲ့ရသည်။ 

ယခုနှစ်အစောပိုင်းက BJP ပါတီသည် နှစ်ပေါင်း ၃ဝတွင် အိန္ဒိယရှိ မည်သည့် ပါတီကိုမဆို အနိုင်ယူနိုင်ခဲ့ပြီး ကွန်ဂရက်ပါတီကို အပြတ်အသတ်အနိုင်ရရှိခဲ့ သည်။ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ထားသော မာနိုဟာပါရီကာ သည် ၎င်း၏ဂုဏ်သိက္ခာနှင့် ခြိုးခြံနေထိုင်တတ်သော လူနေမှုပုံစံများကြောင့် လူသိများထင် ရှားသူဖြစ်သည်။ 

၅၈နှစ်အရွယ်မုဆိုးဖိုသည် ၎င်း၏သားတစ်ဦးနှင့်အတူ နေထိုင်သူဖြစ်သည်။

LN
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List