Tuesday, November 11, 2014

ဒီဇင်ဘာမှာ မင်္ဂလာပွဲ ကျင်းပမယ့် ဖြိုးဇေယျာသော် တို့ရဲ့ စေ့စပ်ကြောင်း လမ်းမင်္ဂလာ


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် နဲ့ မသင်းဂျူလိုင်ကျော် တို့ ရဲ့ စေစပ်ကြောင်းလမ်း မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၈ရက် ၊မနက် ၉ နာရီက ဒဂုံမြို့နယ် ၊ဗိုလ်ရာညွှန့်လမ်းရှိ သတို့သမီး လောင်း လျာနေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

စေ့စပ်ကြောင်းလမ်း မင်္ဂလာအခမ်းအနားနဲ့ ပတ်သက်ပြီး ကိုဖြိုးဇေယျာသော် က “ကျွန်တော် တို့ ဒီနေ့လုပ် တဲ့ ပွဲလေးက ကြောင်းလမ်းနား ဖောက်တဲ့ ပွဲလေးပါ။ ကျွန်တော့်ဘက်က ကျွန်တော်တို့ ပါတီရဲ့ နာယက ဘဘ ဦးတင်ဦးနဲ့ မိန်းကလေး ဘက်ကျတော့ ကျွန်တော် တို့ပါတီက ရှေ့နေကြီး ဦးအောင်သိန်း တို့က ကြောင်းလမ်း မင်္ဂလာမှာ ပါဝင်ဆောင်ရွက် ပေးကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး က လည်း ပါတီဝင်တွေပါ ပဲ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ် တေးဂီတ တစ်ခေတ် ပေါ်ထွန်းစေခဲ့တဲ့ Acid အဖွဲ့မှ ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော် အဖြစ် ထင်ရှားခဲ့သလို ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုဖြိုး ဇေယျာသော်နဲ့ မသင်းဂျူလိုင်ကျော် တို့ရဲ့ မင်္ဂလာ အခမ်းအနား ကိုတော့ ၂ဝ၁၄ ဒီ ဇင်ဘာ ၁၇ ရက်နေ့၊ မဟာစည် သာသနာ့ရိပ်သာမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း လည်း သိရပါတယ်။

Popular Journal 

No comments:

Post a Comment

My Blog List