Thursday, November 13, 2014

ဂျပန်အစိုးရက ရွေးကောက်ပွဲကို ဒီဇင်ဘာတွင် ကျင်းပဖွယ်ရှိ



ဂျပန်နိုင်ငံ၏ ရွေးကောက်ပွဲကို ပုံမှန်ကျင်းပရမည့် အချိန်ထက် နှစ်နှစ်စော၍ ကျင်းပရန် စဉ်းစားနေကြောင်း ဂျပန် သတင်း မီဒီယာများက နိုဝင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့မှုတွင် နှေးကွေးနေပြီး ရှင်ဇိုအာဘေး အနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကိုရရှိရန် အခွန်တိုးမြှင့်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါက ရွေးကောက်ပွဲကို ကျင်းပသွားနိုင်ကြောင်း မီဒီယာများက သုံးသပ် ခဲ့သည်။
ဧပြီလအတွင်းက စတင်အသက်ဝင်ခဲ့သည့် အရောင်းခွန်များ မြှင့်တင်သည့် အစီအစဉ်ကြောင့် ဂျပန်နိုင်ငံ၏ ဒုတိယ သုံးလအတွင်း စီးပွားရေးကို ထိခိုက် မှုဖြစ်စေခဲ့ကြောင်း ပြစ်တင်မှုများ ဖြစ်ပေါ်ခဲ့သည်။

အာဘေးအနေဖြင့် အရောင်းခွန်အား ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ မြှင့်တင်မည့်အစီအစဉ် ကို ဆိုင်းငံ့ထားဖွယ်ရှိပြီး လူထုထောက်ခံမှုကို ရရှိအောင် လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု သတင်းသုံး သပ်သူများက ပြောကြားသည်။ အဆိုပါ အခွန်တိုးမြှင့်မည့်အစီအစဉ်အပေါ် အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကလည်း လိုလားမှုမရှိခဲ့ကြောင်း သိရသည်။

ရှင်ဇိုအာဘေးက “ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပခြင်း၊ မကျင်းပခြင်းဟာ ကျွန်တော့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်” ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု နစ်ကေး စီးပွား ရေးသတင်းစာက ဖော်ပြခဲ့သည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏ မဟာမိတ်ကိုမိအိတို ပါတီတို့သည် ဒီဇင်ဘာ ၁၄ သို့မဟုတ် ၂၁ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း နိုင်ငံပိုင် အခြားသတင်းစာ လေးစောင်တွင်လည်း ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List