Tuesday, November 11, 2014

စပိန်နိုင်ငံ ကာတာလိုနီးယားပြည်နယ် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ခွဲထွက် ရာခိုင်နှုန်းများ


စပိန်နိုင်ငံ ကာတာလိုနီးယား (Catalonia) ပြည်နယ် ခွဲထွက်ရေး ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က လူထုစစ် တမ်းကောက်ခံကြည့်ရာမှာ မဲ ၉၀ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာတော့ မဲပေးသူ  ၈၀ ရာခိုင်နှုန်းက စပိန်နိုင်ငံက ခွဲထွက်ဖို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။

လူဦးရေ ၃ ပုံ ၂ ပုံကျော်ဖြစ်တဲ့ ဒေသခံ ၂ သန်းကျော်က ကာတာလိုနီးယားဒေသ ပြည်နယ်တခု ဖြစ်ချင် သလား။ ဖြစ်ချင်တယ်ဆိုရင် လွတ်လပ်တဲ့ပြည်နယ်တခု ဖြစ်ချင်သလား ဆိုတဲ့ မေးခွန်း ၂ ခုကို ဖြေကြား ခဲ့ကြပါတယ်။

မျှော်လင့်ထားသလိုပဲ အများစုက မေးခွန်း၂ ခုလုံးကို ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဆန္ဒခံယူ ပွဲဟာ တရားဝင် ကျင်းပခွင့်ရတဲ့ ဆန္ဒခံယူပွဲတော့ မဟုတ်ပါဘူး။

ဒီဆန္ဒခံယူပွဲဟာ အခြေခံဥပဒေတဲ့မညီတဲ့ ၀ါဒဖြန့်ချိရေး ဆန္ဒခံယူပွဲလို့ စပိန်အစိုးရက ပြောဆိုပြီး မဲရလဒ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်က ဒေသခံအစိုးရက ကာတာလိုနီးယားဒေသကို နိုင်ငံအဆင့် သတ်မှတ်ပြဌာန်းခဲ့ပေမယ့် စပိန်အခြေခံဥပဒေခုံရုံးက ၂၀၁၀ ခုနှစ်မှာ ပယ်ချခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စပိန်အစိုးရရဲ့ တရားဝင်ကျင်းပခွင့်နဲ့ ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲတော့ မဟုတ်ပေမယ့် မကြာခင် တရားဝင်ကျင်းပခွင့်ရလာမယ့် ဆန္ဒခံယူပွဲအတွက် ကြိုတင်စမ်းသပ်မှုလို့ ဒေသခံတွေက သတ်မှတ်ကြပါတယ်။

DVB

No comments:

Post a Comment

My Blog List