Monday, November 10, 2014

ဘန်ကီမွန်းနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေ မြန်မာကို လာဖို့ရှိ


ကုလသမဂ္ဂ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ဒီတစ်ပါတ်အတွင်း ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိပြီး ​မြန်မာ ​သမ္မတနဲ့ ​အစိုးရအရာရှိတွေအပြင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ​တွေ့ဆုံဖို့ ​ရှိပါတယ်။မြန်မာနိုင်ငံမှာ ​ကျင်းပ မယ့် ​အာဆီယံအစည်းအဝေးအပြီးမှာပဲ ​နောက်ထပ် ​အမေရိကန်၊ ​ဂျပန်၊ ​တရုတ် ​အစရှိတဲ့ ​နိုင်ငံတွေ ​ပါဝင် တဲ့ ​အစည်းအဝေးလည်း ​ရှိတဲ့အတွက် ​အဲဒီ အစည်းအဝေးကို ​တက်ရောက်မှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံရေး ​အသွင်ကူးပြောင်းမှု အကြောင်းကို ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ဆွေးနွေးဖို့ရှိတယ်လို့ ​ပြောခွင့်ရသူ ​Stephane ​Dujarric ​က ​ပြောပါတယ်။ ​ဒါ့အပြင် ​ရိုဟင်ဂျာ အရေးကိုလည်း ​ဆွေးနွေးဖို့ ​ရှိတယ်လို့ ​သူက ​ပြောပါတယ်။

မြန်မာနိုင်ငံ ​နေပြည်တော်မှာ ​ကျင်းပတဲ့ ​အစည်းအဝေးကို ​တက်ရောက်ပြီး တဲ့နောက် ​ဘန်ကီမွန်းဟာ ​သြစတြေးလျနိုင်ငံမှာ ​ကျင်းပမယ့် ​စက်မှုထိပ်သီး နိုင်ငံများ ​G-20 ​အစည်းအဝေးကို ​တက်ရောက်ပြီး ​နိုဝင်ဘာလ ​၁၇ ​ရက်နေ့မှ ​နယူးယောက်မြို့ကို ​ပြန်သွားမှာ ​ဖြစ်ကြောင်း ​ကျိုဒိုး ​သတင်းမှာ ​ဖော်ပြထား ပါတယ်။

ABC

No comments:

Post a Comment

My Blog List