Monday, November 10, 2014

အီဘိုလာဖြစ်ပွားနေသည့် နိုင်ငံများကို အကူအညီပေးရန် အာဖရိကစီးပွားရေး လုပ်ငန်းရှင်ကြီးများက အရေးပေါ်ရန်ပုံငွေ တစ်ရပ်ထူထောင်


အာဖရိက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများက အီဘိုလာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများအား အကူအညီပေးနိုင်ရန် ရန်ပုံငွေတစ်ရပ်ကို ထူထောင်လိုက်သည်ဟု နိုဝင်ဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့တွင် ပြုလုပ်ခဲ့သည့် ကတိက၀တ်ပြု အစည်းအဝေးတွင် ဂီနာ၊ဆီရာလီယွန်နှင့် လိုက်ဘေးရီးယားနိုင်ငံများသို့ ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ထက်မနည်း စေလွှတ်နိုင်ရေး အတွက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်း စုဆောင်းနိုင်ခဲ့ကြောင်း သိရသည်။

အီဘိုလာရောဂါအား လျင်မြန်စွာ ထိန်းချုပ်နိုင်ရန် အဆိုပါ သုံးနိုင်ငံတွင် ဦးစွာဖြေရှင်းရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

အီဘိုလာဗိုင်းရပ်ကူးစက်ခံရသူ ၁၄၀၀၀ ဦးအနက် သေဆုံးသူ ၅၀၀၀ နီးပါးရှိသွားပြီဖြစ်ကာ အများစုမှာ လိုက်ဘေးရီးယားနိုင်ငံတွင်ဖြစ်သည်။

အဆိုပါ အစည်းအဝေးအဆုံးတွင် အာဖရိကသမဂ္ဂဥက္ကဌဒလာမီနီဇူးမားက ယခုပေးအပ်သည့် အကူအညီ များသည် နောက်နောင်တွင် အလားတူရောဂါဖြစ်ပွားမှုများ ရှိလာပါက ဖြေရှင်းနိုင်ရေးအတွက် ရေရှည်အစီ အစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖရိကဖွံ့ဖြိုးဘဏ်က ကိုင်တွယ်ဆောင်ရွက်မည့် အဆိုပါ အရေးပေါ်ရန်ပုံငွေသို့ ထည့်ဝင်ရန် စီးပွားရေး ကုမ္ပဏီအများအပြားက ကတိပြုခဲ့ကြကြောင်း ဇင်ဘာဘွေအခြေစိုက် Econet Wireless ဆက်သွယ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌစတွိုက်မာဆီရီဝါက ပြောကြားခဲ့သည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ၏ နိုဝင်ဘာ ၇ ရက် ထုတ်ပြန်ကြေညာချက်တွင် လိုက်ဘေးရီး ယားနိုင်ငံတွင် အီဘိုလာထပ်မံ ကူးစက်မှုမှာ သိသိသာသာ ကျဆင်းသွားပြီဖြစ်ကြောင်း သို့သော် ဂီနာနှင့် ဆီရာလီယွန်တို့တွင် ဆက်လက်ဖြစ် ပွားနေသေးကြောင်း ဖော်ပြထားသည်။

MSF ၏ အီဘိုလာရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ခရစ်စတုတ်စ်က လိုက်ဘေးရီးယားနိုင်ငံတွင် ရောဂါကူးစက်မှု လျော့ကျ သွားသောကြောင့် ကျန်းမာရေးဝန်ထမ်းများအ နေဖြင့် ၎င်းတို့၏ အလုပ်များကို တိုးမြှင့်ဆောင် ရွက်သွားနိုင်ရန် အခွင့်အရေး ပိုမိုရရှိလာကြောင်း ပြောကြားသည်။

သို့သော် ရောဂါဖြစ်ပွားမှု နှစ်ကြိမ်သိသိသာသာ လျော့နည်းသွားခဲ့သည့် ဂီနာနိုင်ငံကဲ့သို့ပင်  ရောဂါကူး စက်မှု မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိ နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List