Monday, November 10, 2014

အောက်ခြေဝန်ထမ်းတွေကြောင့် အပြောင်းအလဲ နှေးတယ်လို့ စွပ်စွဲတာ မတရားဘူးလို့ ဦးရွှေမန်းပြော



အစိုးရသစ် လက်ထက်မှာ ပြည်သူတွေ မျှော်မှန်းသလောက် မပြောင်းလဲတာဟာ အောက်ခြေဝန်ထမ်းတွေ မူဝါဒကို လိုက်နာဆောင်ရွက်မှု မရှိလို့ဆိုပြီးအပြစ်တင်နေတာဟာ မတရားရာ ရောက်တယ်လို့ ဦးရွှေမန်းက ပြောပါတယ်။ အပြောင်းအလဲ နှေးကွေးတာ ဘာကြောင့်လို့ သူပြောလဲ။


လက်ရှိ အစိုးရသစ် လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး နှေးကွေးနေတာဟာ အုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေ မပြောင်းလဲ သေးတာကြောင့်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။

အောက်ခြေဝန်ထမ်းတွေ မူဝါဒကို လိုက်နာဆောင်ရွက်မှု မရှိလို့ အပြောင်းအလဲ နှေးကွဲတယ် ဆိုပြီး အပြစ်တင်တာဟာ မတရားရာ ရောက်နေတဲ့အတွက် လက်မခံဘူးလို့လည်း သူက ဆက်လက် ပြောဆိုပါတယ်။အုပ်ချုပ်ရေးအဖွဲ့၊လွှတ်တော်၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အပိုင်းက စိတ်ဓာတ်ခံယူချက်တွေ ပြောင်းလဲဖို့ လိုအပ် တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အတွေး၊ အပြောနဲ့ပဲ မရနိုင်လို့ အတွေး၊ အပြော၊ အလုပ် အားလုံး ပြုပြင်ပြောင်းလဲမှသာ အလုပ်ဖြစ်နိုင်မယ်လို့ ဦးရွှေမန်းက ပြောပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ခန်းမမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ သူက အခုလို ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစိုးရသာမက နိုင်ငံရေးပါတီတွေရဲ့ ခံယူချက်တွေကို ပြောင်းလဲရေး ဟာ အဓိက လိုအပ်နေတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

အရပ်သား အစိုးရသစ်လက်ထက်မှာ အသုံးပြုနေတဲ့ အုပ်ချုပ်ရေးစနစ်(ဗျူရိုကရေစီ ယန္တရား)ဟာ ဒီမိုကရေစီနဲ့ အံချော်နေ တာကြောင့် ပြောင်းလဲမှုတွေ နှေးကွေးနေတယ်လို့ သမ္မတရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက အောက်တို ဘာ ပထမပတ်အတွင်းမှာ ပြောဆိုထားပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List