Monday, November 10, 2014

လွှတ်တော်အလုပ်သမားရေးရာကော်မတီဖွဲ့စည်းပြီး တစ်နှစ်ကျော်ထိ တိုင်ကြားသူမရှိသေး



လွှတ်တော်အလုပ် သမားရေးရာကော်မတီ ဖွဲ့စည်း ပြီး တစ်နှစ်ခွဲခန့်ကာလအထိ ဝေ ဖန်အကြံပြုစာပေးပို့မှုမရှိသေး၍ ကော်မတီဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က စာများ ပေးပို့တိုင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ပြောကြားသည်။အရပ်သားအစိုးရ သစ်လက်ထက်တွင် နိုင်ငံအတွင်းပွင့်လင်းစွာ အခွင့်အရေး တောင်းဆိုခွင့်များရရှိလာခဲ့၍ အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ 



ယင်းဖြစ်ရပ် များကို ပြန်လည်သုံးသပ်ရန်နှင့် အလုပ်သမား ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော် အတွင်းအလုပ်ရှင်၊ အလုပ်သမား အခွင့်အရေးလေ့လာမှုကော်မတီ ကိုဖွဲ့စည်းခဲ့သည်။ သို့သော် ယင်းကော်မတီ စတင်ဖွဲ့စည်းချိန်မှစပြီး ယခုအချိန်ထိ ဥပဒေနှင့် ပတ်သက်သည့် ဝေဖန်အကြံပြုချက်များပေးပို့ခြင်းမရှိသေးဟု ဆိုသည်။

‘‘ဥပဒေနဲ့ပတ်သက်ပြီး ပြင် ဆင်ဖို့၊ ဖြေရှင်းဖို့ပေးပို့လို့ရပါတယ်။အဲဒီအချက်တွေကြည့်ပြီးမှ သေ ချာအားလုံးလေ့လာ သွားမှာပါ။ ဒါပေမဲ့ အဲဒီလိုအကြံပြုချက်အခု ထိမရောက်သေးဘူး။ ရောက်ဖို့ လိုပါတယ်။ အပြင်မှာပြောတာ ထက်စာ တစ်လုံးနဲ့ ဘယ်အဖွဲ့ အစည်းကဆိုတာ စာပို့ပါ။ အခု ကော်မတီဖွဲ့ဖြစ်ခဲ့တာလည်း ဒီလို စာပို့လို့ဖွဲ့ဖြစ်ခဲ့တာပါ’’ဟု ဥက္ကဋ္ဌ ဦးခိုင်မောင်ရည်ကပြောသည်။

အဆိုပါကော်မတီဖွဲ့စည်း ပြီးနောက်ပိုင်းတွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့၍ ယင်းကော်မတီထံ တိုင်ကြားခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်ပေးမှု အားနည်းခဲ့ ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ များနှင့် အလုပ် သမားများကဆိုသည်။

‘‘ပြည်သူ့လွှတ်တော်ထဲမှာ အလုပ်သမားကဏ္ဍကို လွှတ် တော်ကိုယ်စား လှယ်တွေကို ပေး ထားတော့ ဒီလူတွေက တကယ် အလုပ်သမားတွေကို ကိုယ်စားပြု နိုင်ပါ့မလား။ လက်တွေ့အလုပ် သမားပြဿနာကို နီးနီးကပ်ကပ် မဖြေ ရှင်းနိုင်သေးဘူး။ လွှတ် တော်ကိုယ်စားလှယ်တွေ အလုပ် များမှန်းသိပါ တယ်။ ဒါပေမဲ့ မြေ ကြီးပေါ်က အလုပ်သမား တွေနဲ့ နီးနီးကပ်ကပ် နေသင့်ပါ တယ်။ အခုအချိန်ထိ အလုပ်ထုတ်ခံထား ရတဲ့ သမဂ္ဂခေါင်းဆောင်တွေ ဘယ်နှယောက် ရှိနေပြီဆိုတာ သုတေသနလုပ်ပြီးပြီလားလို့ မေးခွန်းထုတ်ချင် ပါတယ်’’ဟု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ယာ ယီဥက္ကဋ္ဌ ဦးအောင်လင်းကပြော သည်။

အခွင့်အရေးချိုးဖောက်ခံရ သည့် အလုပ်သမားများအနေဖြင့် ၎င်းတို့ရပိုင်ခွင့်များကို အလုပ်ရှင်ထံ တောင်းဆိုမှုများ ကြောင့် အလုပ်ရှင်၊ အလုပ်သမား အငြင်း ပွားမှုများဖြစ်ပေါ်ခဲ့ပြီး ငွေကြေး ချို့တဲ့သည့် အလုပ်သမားများ အနေဖြင့် ၎င်းတို့တောင်းဆိုချက် များရရှိရန် ဥပဒေလမ်းကြောင်း အရတောင်းဆိုမှုများပြု လုပ်သည့် အပြင် လွှတ်တော်ရေးရာကော် မတီထံ တိုင်စာများပေးပို့လျက်ရှိ ရှိသည်။

သို့သော် လွှတ်တော်ကော် မတီ၏ပြောကြားချက်အရ အငြင်း ပွားမှုများဖြစ်ပေါ် ပါက အလုပ် သမားဝန်ကြီးဌာနနှင့်သာ တိုက် ရိုက်ဖြေရှင်းဆောင်ရွက်နိုင်ပြီး လွှတ်တော်ကော်မတီအနေဖြင့် ပြဋ္ဌာန်းထားသည့်ဥပဒေအပေါ် ပြန်လည်သုံး သပ်ရုံသာ ဆောင် ရွက်နိုင်သည်ဟုဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List