Thursday, November 13, 2014

ဧရာဝတီမြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင် သုံးဦး ဒဏ်ရာပြင်းထန်


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်တွင် နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ဧရာဝတီမြစ်အတွင်း ကျောက် စုပ်လုပ်ငန်း လုပ်ဆောင်နေသာ သင်္ဘောတစ်စင်း အင်ဂျင်အပူချိန် မြင့်တက်ပြီး မီးလောင်ကျွမ်းခဲ့ရာ အလုပ် သမား သုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ဆိုသည်။

“ငါးမိနစ်အတွင်း မီးလောင်တဲ့နေရာကို ရောက်သွားပေမယ့် မြစ်လယ်မှာ မီးလောင်နေတာကြောင့် မီးငြှိမ်းသတ်ရေးမှာ ကြန့်ကြာမှု ရှိခဲ့တယ်။ အချိန်ကလည်း ညဆိုတာ့ သွားရောက် မီးငြှိမ်းသတ်ဖို့ ပဲ့ထောင် စောင့် ရတယ်။ ပဲ့ထောင်ပေါ်မှာ မီးငြိမ်းသတ်တဲ့စက်တွေတင်ပြီး မီးငြှိမ်းသတ်ရာမှာ မိနစ် ၂၀ လောက်မှာ မီးအပြီး ငြှိမ်းနိုင်ခဲ့တယ်” ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဦးမျိုးရွှေက ပြောသည်။

ရွှေတောင်မြို့အနီး ဧရာဝတီမြစ်အလယ်တွင် ကျောက်စုပ်လုပ်ငန်း ဆောင်ရွက်နေသည့် သင်္ဘောတစ်စင်း သည် အင်ဂျင်အပူချိန် မြင့်တက်၍ ရေခန်းခြောက်ပြီး ဆီပိုက်ပြတ်ကာ ဆီများ အင်ဂျင်တုံးပေါ် ဆီယိုဖိတ် သဖြင့် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သင်္ဘော အလုပ်သမားများဖြစ်ကြသော ကိုထူးနိုင်၂၁ နှစ်၊ ကိုနေမျိုးသူ ၂၁ နှစ်တို့မှာ ခန္ဓာကိုယ်အောက်ပိုင်း မီးလောင်ဒဏ်ရာ၊ ကိုဇော် ၃၀ နှစ်မှာ မျက်နှာတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်ဆေးရုံ ကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် သင်္ဘောစက်ခန်း တစ်ခန်း၊ ဆီတိုင်ကီ ခုနစ်လုံးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်သိန်း၂၀ ခန့်ရှိကြောင်း မီးသတ်ဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။ သင်္ဘောမီး လောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး သင်္ဘောပိုင်ရှင် ဦးမင်းဇော်ကို ရွှေတောင်မြို့မ ရဲစခန်းတွင် (ပ)၂၈၇ / ၂၀၁၄ မီးသတ်ဥပဒေ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List