Monday, November 10, 2014

အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး ကျင်းပ


လာမယ့်အပတ်မှာ အာရှပစိဖိတ် ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို မကျင်းပမီ တရုတ်နိုင်ငံ မြို့တော် ပီကင်းမှာ ကျင်းပတဲ့ အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး(အေပီအီးစီ)ကို စတင် ကျင်းပနေပါတယ်။

အိမ်ရှင်ဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင်ပင်းဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က တွေ့ဆုံပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ကို ပြည်သူ့ခန်းမမှာ တွေ့ဆုံ နှုတ်ဆက်အပြီး ၂ နိုင်ငံ ကိုယ်စားလှယ်တွေ ဆွေးနွေးကြ ပါတယ်။

အေပက်စ်ညီလာခံဟာ စီးပွားရေးအင်အားကြီး ၂၁ နိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေးထွက်ကုန်ရဲ့ ၅၄ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၄၄ ရာခိုင်နှုန်းနဲ့ သက်ဆိုင်နေပါတယ်။

ဒီထိပ်သီးညီလာခံရဲ့ ထိပ်တန်းလုပ်ငန်းစဉ်တွေထဲမှာ လွတ်လပ်စွာကုန်သွယ်ရေး ဇုန်အသစ် တည်ထောင်ဖို့ နဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ပဏာမခြေ လှမ်းတွေ ချမှတ်ဖို့ပါ။

တရုတ်ကတော့ “အမေရိကန်ဦးဆောင်တဲ့ အာရှနဲ့ ပစိဖိတ်လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေက ပွင့်လင်းမြင်သာဖို့ မျှော်လင့်တယ်။ တရုတ်ဟာ သူတို့နဲ့ ပူးပေါင်းဖို့ လမ်းဖွင့်ထားမှာ ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေးအတွက် တရုတ်ရဲ့အမြင်တွေနဲ့ အမေရိကန်နဲ့ ယှဉ်ပြိုင်မှုအပေါ် အငြင်းပွားမှုတွေကို လျော့ချ မယ်”လို့ နိုဝင်ဘာ ၇ ရက်နေ့က ပြောပါတယ်။

လာမယ့်သီတင်းပတ်ကုန်ရက်အတွင်း ပီကင်းမှာ ဆွေးနွေးမယ့် ပစိဖိတ်ဖြတ်ကျော်မဟာမိတ် ကုန်သွယ်ရေး သဘောတူညီချက်ကို ၁၂ နိုင်ငံက ဝန်ကြီးတွေ ညှိုနှိုင်းနိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List