Thursday, November 13, 2014

နိုင်ငံတော်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံပြီး အချက်ရှစ်ချက်ကို ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဂျပန်ဝန်ကြီးချုပ်ထောက်ခံ


မြန်မာနိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် တို့ နိုဝင်ဘာ ၁၂ရက်က နေပြည်တော် ကွန်ဗင်းရှင်း ဗဟိုခန်းမရှိ အခန်းနံပါတ်(၂ဝ၁၆)၌ တွေ့ဆုံပြီး အချက်ရှစ်ချက်ကို ဆွေးနွေးခဲ့ ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။

ယင်းတို့ဆွေးနွေးခဲ့သည့် အချက်ရှစ် ချက်မှာ ကျန်းမာရေးနှင့် ပညာရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေးဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သီလဝါနှင့် ထား ဝယ်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့ တော်သယ် ယူပို့ဆောင်ရေး ပြုပြင်ပြောင်းလဲ ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ရခိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေး ချမ်းရေးများကိုဆွေးနွေးခဲ့ကြောင်း တရားဝင် ကြေညာချက်အရ သိရသည်။

ယင်းဆွေးနွေးပွဲတွင် ဂျပန်ဝန်ကြီးချုပ် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များ ကို ထောက်ခံ ကြောင်း၊ ပူးပေါင်း ဆောင်ရွက်အကူ အညီပေး သွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကိုလည်း ထောက်ခံပြီး မကြာမီတစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော် လင့်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။


#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List