Monday, November 10, 2014

PR စနစ်မကျင့်သုံးရေး ပေါင်းတည်မှာ ဆန္ဒပြတောင်းဆို


လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို မကျင့်သုံးဖို့ ပဲခူး တိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ဒေသခံ ၁၅ဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။PR စနစ် က တခြားနိုင်ငံတွေမှာ ကျင့်သုံးတာအဆင်ပြေပေမယ့် လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ ကျင့်သုံးဖို့ မဖြစ် နိုင်ကြောင်း PR စနစ်ရဲ့ ဆိုးကျိုးတွေကို အဖွဲ့ခေါင်းဆောင်တွေက ပြောပြကြောင်း ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်က ဦးချစ်ကိုက ပြောပါတယ်။

"ကျနော်တို့နိုင်ငံက ဒီ PR စနစ်ကျင့်သုံးဖို့က လုံးဝဝေးပါသေးတယ်၊ PR ပီအာစနစ်ဆိုတာ ကောင်းလည်း ကောင်းတယ်လေ၊ ဒါပေမဲ့ နော်ဝေနိုင်ငံတို့ဘာတို့မှ PR စနစ်ကျင့်သုံးခဲ့တယ်ဆိုတဲ့ဥစ္စာက သူတို့ဆီမှာ အစိတ်သားဆိုတာမရှိဘူးလေ၊ ၂၅ ရာခိုင်နှုန်းက ကျနော်တို့ဆီမှာရှိတယ်၊ ၂၅ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီ PR စနစ်ကို ကျနော်တို့က လုံးဝလက်မခံနိုင်ပါဘူး၊ ပြီးတော့ မြို့နယ်အသေးလေးနဲ့ နိုင်ငံမှာပေါ့နော် PR စနစ်က သူတို့က သက်သက်မဲ့ကျင့်သုံးဖို့ ပြောနေတဲ့ဟာကို ကျနော်တို့က လုံးဝကိုကန့်ကွက်တာပါခင်ဗျ"

ဆန္ဒပြပွဲမှာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုကိုဖော်ထုတ် အရေးယူပေးဖို့၊ တရား ဥပဒေစိုးမိုးမှုရှိဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List