Friday, November 14, 2014

ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် ပါကစ္စတန် အာဏာပိုင်များ Facebook ကို အသုံးပြု


ပါကစ္စတန် ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီ (FIA) သည် ပြစ်မှုကျူးလွန် နိုင်သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးနိုင်ရန် လူမှုကွန်ရက် ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ကို စတင် အသုံးပြု နေပြီ ဖြစ်သည်။ ဗီဇာ အတိုင်ပင်ခံ ကုမ္ပဏီ Future Concern ၏ အမှုသည် အလားတူအမှု များထဲတွင်ပထမဆုံးဖြစ်ပြီး ယင်း အမှုတွင် FIA သည် ကြံရာပါ၏ အကောင့်အကူအညီဖြင့် ကျူးလွန်သူ ခုနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ သည်။ 

ဆိုက်ဘာမှုခင်းများနှင့် ပတ်သက်၍ ကျယ်ပြန့်သည့် ဥပဒေ မရှိသေးချိန် မကျေနပ်မှုများအတွက် FIA တွင်ကုစားမှုမရှိသေးပေ။ထို့အပြင် ပြည်ပမှကွန်ရက်အုပ်ချုပ်သူများနှင့်လည်း မည်သည့် သဘောတူညီချက်မျှ လက်မှတ်ရေးထိုး ထားခြင်း လည်းမရှိပေ။ ထို့ကြောင့် ဆိုက်ဘာပြစ်မှု တိုက်ဖျက်ရေး အဖွဲ့များအနေဖြင့် အဆိုပါ ကွန်ရက်များထံမှ အကူအညီ ရရှိရန် ညိနှိုင်းနေရသည်။

"Future Concern အမှုမှာ ဖေ့စ်ဘွတ်ရဲ့အကူအညီနဲ့မသင်္ကာသူခုနှစ်ဦးကို ကျွန်တော်တို့ ဖမ်းဆီးထား ပါတယ်။ စွပ်စွဲခံရသူ တစ်ဦးရဲ့ဖေ့စ်ဘွတ် အကောင့်ကို အသုံးပြုရာ ကနေ တခြား မသင်္ကာသူ ခုနှစ်ဦးကို ဆက်သွယ် နိုင်ခဲ့ပါတယ်။

ဖေ့စ်ဘွတ် အုပ်ချုပ်ရေး အဖွဲ့ကနေ မသင်္ကာသူတွေရဲ့ အင်တာနက်လိပ်စာတွေကို ကျွန်တော်တို့ရရှိခဲ့ ပါတယ်"ဟု FIA ညွှန်ကြားရေး မှူး(လာဟိုဒေသ) Dawn သတင်းဋ္ဌာနသို့ နိုဝင်ဘာ ၁၃ရက်က ပြောကြားခဲ့ သည်။ "ကျွန်တော်တို့ ဖေ့စ်ဘွတ်နဲ့ သဘောတူညီမှု ရရှိမထား ပေမဲ့ မေတ္တာ ရပ်ခံရင်တော့ ကျွန်တော်တို့ကို အကူအညီ ပေးပါတယ်"ဟု၎င်းက ထပ်မံပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List