Monday, November 10, 2014

ချစ်သူက အခြားအမျိုးသမီးတစ်ဦးနဲ့ ကလေးယူဖို့ကြိုးစားခဲ့လို့ အဆိပ်ခတ် လုပ်ကြံ



ရင်သားကင်ဆာ အထူးကုဆရာဝန် အမျိုးသမီးတစ်ဦးဟာ အခြားမိန်းမ တစ်ယောက် နဲ့ ကလေး ရယူဖို့ ကြံစည်နေတဲ့ ချစ်သူဆရာဝန်ကို ကော်ဖီထဲ အဆိပ်ခတ်ကာ သတ်ဖို့ကြံစည်ခဲ့လို့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံခဲ့ရပါတယ်။ဒေါက်တာ အန်နာဂွန်ဇာလက်အန်ဂူလိုဟာ ချစ်သူဆရာဝန် ဂျော့ဘလူမန်ရှင်းကို တိုက်လိုက်တဲ့ ကော်ဖီထဲမှာ သေစေနိုင်တဲ့ ethylene glycol ဓာတု ဆေးဝါး တစ်မျိုးကိုထည့်ပြီး တိုက်ခဲ့ပါတယ်။
ဒေါက်တာ အန်ဂူလိုနဲ့ ဒေါက်တာဂျော့တို့ဟာ တက္ကဆက်ပြည်နယ် က ဆေးရုံ တစ်ခုမှာ အတူတူအလုပ်လုပ်ခဲ့ကြပြီး ဆွီ ဒင်ကို အလုပ်နဲ့ ခရီးသွားရစဉ် ကာလမှာ နှစ်ဦးသား အချစ်နယ်ကျွံခဲ့မိကြပါတယ်။

ဒေါက်တာအန်ဂူလိုက ဒေါက်တာဂျော့နဲ့ ကလေးယူဖို့ဆန္ဒလည်းရှိခဲ့ပါတယ်။ ဒေါက်တာဂျော့ဟာ ဒေါက်တာအန်ဂူလိုနဲ့ ဇာတ်လမ်း စနေချိန်အတွင်းမှာ အီဗက်တီတွန်နီဆိုတဲ့ အမျိုးသမီး တစ်ဦးနဲ့ ချစ်ကြိုက်လာခဲ့တာ ၁ဝနှစ်သက်တမ်းထိရှိ ထားခဲ့တယ်လို့ သိရပါတယ်။ 

တွန်နီဟာ ၂ဝ၁၂ ခုနှစ် မှာ ဂျော့နဲ့ရတဲ့ အမြွှာကိုယ်ဝန် ပျက်ကျခဲ့တဲ့အတွက် ဂျော့နဲ့တွန်နီတို့ဟာ ဆေးဝါးအကူအညီနဲ့ ကလေးတစ် ယောက်ရဖို့ ကြိုးစားနေခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒေါက်တာဂျော့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ် လမ်းမှာ အခုလို ကလေးယူဖို့ကြိုးစား ခဲ့ခြင်းဟာ ဒေါက် တာအန်ဂူလို တစ်ယောက် ချစ်သူဒေါက်တာကို အဆိပ် ခတ်သတ်ဖို့ အကြံအစည် ဖြစ်ပေါ်လာစေခဲ့ပါတယ်။ 

၂ဝ၁၃ခုနှစ် ဇန်နဝါရီ ၂၇ရက် နံနက်ခင်း အချိန်မှာ ဒေါက်တာဂျော့နဲ့ ဒေါက်တာ အန်ဂူလိုတို့နှစ် ဦးဟာ ချစ်ရည်လူး ခဲ့ကြပြီးနောက်မှာ အန်ဂူလိုက ဂျော့ ကို ကိုလံဘီယာကော်ဖီတစ်ခွက် တိုက်ခဲ့ပါတယ်။ ကော် ဖီသောက်ပြီးချိန်မှာ ဂျော့ဟာ ရီဝေဝေခံစားခဲ့ရပြီး နား တွေ ပူထူလာခဲ့တယ်လို့ဆိုပါတယ်။ 

အရေးပေါ်ဌာနရဲ့ အကူအညီနဲ့ ဂျော့ဟာ အသက်ဘေးက ချမ်းသာရာရ ခဲ့ပေမယ့် ကျောက်ကပ်ကတော့ လုံးဝပျက် စီးသွားခဲ့ပါ တယ်။ ဒေါက်တာဂျော့ဟာ ဒေါက်တာအန်ဂူလိုနဲ့ သူ့ ရဲ့ဇာတ်လမ်းကို ချစ်သူတွန်နီဆီမှာ အကြောင်းစုံဖွင့်ဟ ဝန်ခံခဲ့ပြီး ဒေါက်တာအန်ဂူလိုရဲ့လုပ်ရပ်အတွက် သက် သေ အထောက်အထားရှာဖို့ နှစ်ဦးသား လျှို့ဝှက်ဆောင် ရွက်ခဲ့ပါတယ်။ 

တရားရုံးက ဒေါက်တာဂျော့ကို စစ် ဆေးတဲ့အခါမှာ ဒေါက်တာအန်ဂူလိုဟာ သူမရဲ့ဘဝ လမ်းကြောင်းမှာ အတားအဆီး အနှောင့်အယှက်ပေးသူ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်လို့ ခဏခဏပြော တဲ့အကြောင်း ထွက်ဆိုခဲ့ပါတယ်။ အန်ဂူလိုရဲ့ စကား ပြောမှုတွေကို အသံဖမ်းထားတဲ့အထဲမှာ ပြစ်မှုကျူးလွန် မှုနဲ့ ပတ်သက်တဲ့ပြောဆိုမှုတွေ ပါဝင်ခြင်းမရှိပေမယ့် ဒေါက်တာဂျော့ကို စွဲလမ်းနေတာကိုတော့ ပြသနိုင်ခဲ့ ပါတယ်။ 

ကျောက်ကပ်ဆရာဝန်က ဓာတ်ပုံရိုက်ယူ ထားတဲ့ ဂျော့ဆီးရည်ထဲက အစိုင်အခဲတွေဟာ ဆေး ဖက်ဆိုင်ရာဓာတ်ခွဲ ခန်းတွေမှာ အများဆုံးတွေ့နိုင်တဲ့ နအ့ပူနညနါူပခသူ ဖြစ်တဲ့အကြောင်း ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အတည်ပြုခဲ့ကြပါတယ်။ အခြား သက်သေအထောက်အထားတွေ မရှိပေမယ့် တရား ရုံးက ဒေါက်တာအန်ဂူလိုကို စီရင်ချက်ချဖို့ သုံးနာရီပဲ အချိန်ယူခဲ့ရပါတယ်။

တရားရုံးရှေ့နေတစ်ဦးက တရားစီရင်မှု တစ်ခုမှာ သက်သေ အထောက်အထားတစ်ခုဟာ ဘာ တွေဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာတွေအထိကို ရှင်းလင်းအဖြေရှာနိုင်တယ်လို့ ရှင်းပြပါတယ်။ တရား ရုံးမှာ ဒေါက်တာအန်ဂူလို ဘက်က ရပ်တည်ပေးတဲ့ အစစ်ဆေးခံသူတစ်ဦးက သူမဟာ ဆရာဝန်တစ်ယောက် အနေနဲ့ သူ့ရဲ့ဘဝကို ကယ် တင်ပေးခဲ့သလို အခြားလူတွေရဲ့ အသက်ပေါင်းများ စွာကိုလည်း ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဒေါက်တာဂျော့ကတော့ တရားရုံးမှာ သူ့ရဲ့ ကျောက်ကပ်တွေ ပျက်စီးခဲ့ရပြီဖြစ် သလို သူ့ရဲ့ဘဝပုံစံ တစ်ခုလုံးလည်း ပြောင်းလဲသွားခဲ့ပြီလို့ ထွက်ဆိုခဲ့ပါ တယ်။ ဒါ့အပြင် သူ့ရဲ့ဘဝသက်တမ်းကလည်း အလွန် တိုတောင်းသွားခဲ့ပြီလို့ တရားရုံးမှာဖြေကြားခဲ့ပါတယ်။ ဒေါက်တာဂျော့က တွန်နီနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေ တယ်လို့ ပြောကြားခဲ့ပြီး တွန်နီက တိုးတက်မှုရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : GLOBE
Yangon Media Group

No comments:

Post a Comment

My Blog List