Thursday, November 13, 2014

အိုင်အက်စ်၊ အီဘိုလာ၊ အာဆီယံအသိုက်အဝန်း စိုးမိုးနေသော အာဆီယံထိပ်သီးအစည်းအဝေး



အိုင်အက်စ် အစွန်းရောက် အကြမ်းဖက်မှုများ၊ အီဘိုလာရောဂါ တိုက်ဖျက် ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင် ရေးတို့ကို နေပြည်တော်တွင် ပြုလုပ်နေသော (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များက အဓိကထား၍ ဆွေး နွေးခဲ့ကြသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲခြင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများဖြစ်သည့် တောင်တရုတ်ပင်လယ်ကိစ္စ၊ အိုင်အက်စ်အစွန်းရောက် အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုနှင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုများနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြ ကြောင်းလည်း သတင်းရရှိသည်။

ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံခေါင်းဆောင်များ သည် ၂၀၁၅ အလွန် အာဆီယံ အသိုက်အဝန်း ထူထောင် ရေး မျှော်မှန်းချက်ဆိုင်ရာ နေပြည်တော် ကြေညာချက်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အားပြည့်ခိုင်မာစေရေးနှင့် အာဆီယံ အဖွဲ့အစည်းများကို ပြန်လည် သုံးသပ်ရေး ကြေညာချက်တို့ကို အတည်ပြုခဲ့ကြသည်။

အာဆီယံအသိုက်အဝန်း ထူ ထောင်ရေး၊ ၂၀၁၅ ခုနှစ်လွန် အ နာဂတ် အာဆီယံအသိုက်အဝန်း အတွက် မျှော်မှန်းချက် ချမှတ်ရေး၊ အာဆီယံအဖွဲ့အစည်းများ ပိုမိုခိုင်မာစေရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်တွင် ပြုလုပ် နေသော (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကိုနိုဝင်ဘာ ၁၂ ရက်၌ နေပြည်တော်တွင် ကျင်းပနေပြီး အာဆီယံ- အိန္ဒိယ၊ အာဆီယံ-ဂျပန်၊ အာဆီ ယံ-ကုလသမဂ္ဂနှင့် အာဆီယံ- သြစတြေးလျ ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

အောက်တိုဘာ ၁၃ ရက်တွင်အာဆီယံ- အရှေ့အာရှ ထိပ်သီး အစည်းအဝေးများ ကျင်းပမည် ဖြစ်ပြီး ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေး၊ အာဆီယံ- တရုတ်ထိပ်သီးအစည်းအဝေး၊ အာဆီယံ ခေါင်းဆောင်များက အာဆီယံ စီးပွားရေး အကြံပေး ကောင်စီနှင့် တွေ့ဆုံပွဲများ ကျင်း ပမည်ဖြစ်သည်။

အရှေ့အာရှအစည်းအဝေး၊မိတ်ဖက်နိုင်ငံများ အစည်းအ ဝေးနှင့် ပတ်သက်၍ ‘‘ပြည်သူတွေ ရည်မှန်းတဲ့ အာဆီယံအသိုက်အ ဝန်းကြီး အောင်မြင်စွာပေါ်ထွက် ရေးနဲ့ အာဆီယံဒေသနဲ့ မိတ်ဖက် နိုင်ငံများကို ပိုမိုအကျိုးရှိတဲ့ရလဒ် များ ဖြစ်ပေါ်စေမယ်လို့ ယုံကြည် ထားပါတယ်’’ဟု အာဆီယံဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က ပြောသည်။

(၆)ကြိမ်မြောက် အာဆီယံ−ကုလသမဂ္ဂ အစည်းအဝေးအပြီး အာဆီယံစတိုင် ဓာတ်ပုံရိုက်ကူးစဉ်၊ တရုတ်ဝန်ကြီးချုပ် လီကီကျန်း (အပေါ်)၊ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ(အောက်) တို့ကို ထိပ်သီးအစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment

My Blog List