Monday, November 10, 2014

ပျက်ကျ MH17 လေယာဉ်ပေါ်က ခရီးသည် ၉ ဦး၏ အလောင်း ရှာမတွေ့


ယူကရိန်းအရှေ့ပိုင်းမှာ ဇူလိုင်လက ပျက်ကျသွားတဲ့ MH 17 လေယာဉ်ပေါ် ပါသွားသူတွေထဲက ၉ ယောက် ရဲ့ အကြွင်းအကျန်တွေကို အခုထိ ရှာမတွေ့သေးဘူးလို့ ဒတ်ခ်ျနိုင်ငံခြားရေးဝန်ကြီး ဘတ်ကိုရင်ဒါစ်က နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဘိုရင်း ၇ သုံးလုံး လေယာဉ်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က ပျက်ကျသွားတဲ့အချိန်က လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ယောက် လိုက်ပါသွားခဲ့ ပါတယ်။

အဲဒီထဲက သုံးပုံနှစ်ပုံက ဒတ်ခ်ျတွေဖြစ်ပြီး ရှာဖွေ စစ်ဆေးတဲ့ လုပ်ငန်းကို ဒတ်ခ်ျအစိုးရက ဦးဆောင်နေ တာပါ။

ဒတ်ခ်ျ နိုင်ငံခြားရေး ၀န်ကြီးဟာ နိုဝင်ဘာ ၈ ရက်နေ့က ကာကဗ်မြို့ကို ရောက်သွားပြီး ရှာဖွေစစ်ဆေးရေး လုပ်ငန်းမှာ အတော်များများ ပြီးဆုံးသွားပြီ ဆိုပေမယ့် အလောင်း ၉ လောင်းကိုတော့ ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒတ်ခ်ျနိုင်ငံက မျိုးဗီဇ စစ်ဆေးရေးအဖွဲ့ဟာ အလောင်းပေါင်း ၂၇၂ လောင်းကို စိစစ်နိုင်ခဲ့ပေမယ့် မဖော် ထုတ်နိုင်သေးတဲ့ တခြားအလောင်းတွေကိုတော့ ပျက်ကျသွားတဲ့ နယ်မြေမှာပဲ ရှိမယ်လို့ ယုံကြည်နေကြ ပါတယ်။

ပျောက်နေတဲ့ အလောင်း ၉ လောင်းကို ပြန်တွေ့ပါတော့မလားဆိုတာလည်း မသေချာတော့ကြောင်း၊ ဒါပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒတ်ခ်ျနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ ဒေသထဲမှာ ရုရှားလိုလားတဲ့ သူပုန်တွေက ထိန်းချုပ်ထားပြီး လှုပ်ရှားနေတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေ အခက်အခဲ ဖြစ်နေတဲ့ စုံစမ်းရေးမှူးတွေက ဒေသခံ ရှာဖွေရေး အဖွဲ့ကို ငှားရမ်းသွားဖို့ စဉ်းစားထားတယ်လို့ နိုဝင်ဘာ ၆ ရက်နေ့ ပြောပါတယ်။ ဒတ်ခ်ျအစိုးရဟာ သူပုန်အဖွဲ့ကို အသိအမှတ်မပြုတာကြောင့် သူပုန်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ ကိစ္စကိုတော့ ငြင်းဆန်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်လက ထုတ်ပြန်ထားတဲ့ ကြားဖြတ် အစီရင်ခံစာမှာတော့ ဘိုးရင်း ၇ သုံးလုံး လေယာဉ်ဟာ အားပြင်းတဲ့ အရာဝထ္ထုနဲ့ ပစ်ချခံရတယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တာ၊ ဒါမှမဟုတ် မြေပြင်ကနေ တိုက်ခိုက်တာမျိုး နှစ်မျိုးစလုံး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List