Tuesday, November 11, 2014

ရိုဟင်ဂျာကို ပင်လယ်ထဲ ပြန်ပို့မယ်လို့ ထိုင်းပြော


မြန်မာနိုင်ငံကနေ ​လှေတွေနဲ့ ​ထွက်ပြေးလာတဲ့ ​လူပေါင်း ​၂၅၉ ​ယောက်ကို ​ထိုင်းက ​ဖမ်းဆီးထားပြီး ​ပင်လယ်ထဲ ​ပြန်တွန်းပို့ဖို့ ​စီစဉ်နေကြောင်း ​ရိုက်တာသတင်းမှာ ​ဖော်ပြထားပါတယ်။အဲဒီ ​လှေစီးပြေး ​ဒုက္ခသည်တွေဟာ ​မြန်မာနိုင်ငံက ​ရိုဟင်ဂျာတွေ ​အများစု ​ပါဝင်ပြီး ​နိုင်ငံ ​တစ်ခုခုမှာ ​ခိုလှုံခွင့်တောင်းဖို့ ​လှေတွေနဲ့ ​ထွက်ပြေးလာသူတွေ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

စနေနေ့တုန်းကပဲ ​ထိုင်းက ​ဖမ်းမိထားတဲ့ ​အဲဒီလူတွေကို ​မြန်မာနိုင်ငံဆီ ​ပြန်မပို့ဖို့ ​လူ့အခွင့်အရေးအဖွဲ့တွေ က ​တောင်းဆိုထားပေမယ့် ​ထိုင်းကတော့ ​လာရာလမ်းအတိုင်း ​ပြန်တွန်းပို့မယ်လို့ ​ပြောပါတယ်။

လှေပေါ် ​ပါလာသူ ​အယောက်ပေါင်း ​၂၅၉ ​ယောက်စလုံးက ​ရိုဟင်ဂျာ ​ဟုတ်မဟုတ် ​ဆိုတာ ​မသိရပေမယ့် ​အများစုက ​ရိုဟင်ဂျာတွေဖြစ်ပြီး ​မလေးရှားနိုင်ငံကို ​သွားရောက်ဖို့ ​ကြိုးစားရာက ​ထိုင်းနိုင်ငံမှာ ​ဖမ်းမိခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလူတွေကို ​မြန်မာ ​ရေပိုင်နက်ထဲအထိ ​ပြန်လည်တွန်းပို့မယ်လို့ ​ထိုင်းအာဏာပိုင်ကပြောပြီး ​အဲဒီနောက် ပိုင်း ​ဘာလုပ်ကြမလဲ ​ဆိုတာကတော့ ​ထိုင်းနိုင်ငံနဲ့ ​မဆိုင်တော့ဘူးလို့လည်း ​ပြောသွားခဲ့ပါတယ်။

Arakan ​Project ​အဖွဲ့က ​Chris ​Lewa ​ကတော့ ​ရခိုင်ပြည်နယ်ကလူတွေ ​တစ်လကို ​အယောက်ပေါင်း ​၉၀၀ ​နှုန်း ​လောက် ​မြန်မာနိုင်ငံကနေ ​ထွက်ခွာနေကြတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List