Friday, November 14, 2014

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီသင်္ကေတတစ်ရပ်ဟု အိန္ဒိယ၀န်ကြီးချုပ် ညွှန်းဆို



အိန္ဒိယ၀န်ကြီးချုပ် နာ ရန်ဒရာမိုဒီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီ၏ သင်္ကေတတစ်ရပ်ဟု ညွှန်းဆိုပြောကြားခဲ့ကြောင်း သိရသည်။ မိုဒီ သည် နိုဝင်ဘာ ၁၂ ရက် က နေပြည်တော်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံစကား ပြောဖြစ်ခဲ့သည်။ ယင်းသည် မိုဒီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယနိုင်ငံသည် ၎င်းအ တွက် ဒုတိယနေအိမ်သဖွယ် ခံစားမိကြောင်း မိုဒီထံပြော ကြားခဲ့ ကြောင်း သိရသည်။ ယင်းကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဆာယက်ဒ် အက်ဘာ ရူဒင်က Twitter တွင် ဖော်ပြခဲ့သည်။ ‘‘အိန္ဒိယက ကျွန်မ ရဲ့ ဒုတိယအိမ်ပါပဲလို့ ဒေါ်အောင် ဆန်းစုကြည်က ၀န်ကြီးချုပ် ကို ပြောပါတယ်’’ဟု အက်ဘာရူဒင် က ရေးသားထားသည်။ ဒေါ် အောင်ဆန်းစုကြည်က အိန္ဒိယ သည် မြန်မာနိုင်ငံမှ ၎င်းပထမဆုံး အကြိမ် သွားရောက်လည်ပတ် သည့် နိုင်ငံဖြစ်ကြောင်းလည်း မိုဒီ ကို ပြောဆိုခဲ့ကြောင်း သိရသည်။

သတင်းထောက်တစ်ဦးက မိုဒီအနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်ကို အိန္ဒိယသို့ အလည်အ ပတ်လာရောက်ရန် ဖိတ်ကြားခဲ့ ခြင်း ရှိ၊ မရှိ မေးမြန်းရာ အက်ဘာ ရူဒင်က ‘‘ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာချင်တယ်ဆိုရင် အမြဲတမ်း လမ်းဖွင့်ထားပြီးသား ပါ။ သူ့ရဲ့ ဒုတိယနေအိမ်ကို အ လည်လာပါလို့ ဘယ်သူကမှ ဖိတ် ကြားနေဖို့ မလိုဘူးလေ’’ဟု ဖြေ ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာက အိန္ဒိယနိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ဖူး သည်။ ၎င်းသည် မိခင်ဖြစ်သူဒေါ်ခင်ကြည် သံအမတ်အဖြစ် တာဝန်ယူစဉ်က အိန္ဒိယတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီမြို့ရှိ Lady Shri Ram ကောလိပ်တွင်လည်း ပညာသင်ကြားခဲ့ဖူး သည်။

အိန္ဒိယ၀န်ကြီးချုပ် မိုဒီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ − မိုဒီဖေ့စ်ဘွတ်ခ်)
Ref: firstpost
7Day Daily

No comments:

Post a Comment

My Blog List