Thursday, November 13, 2014

သမ္မတဦးသိန်းစိန်နှင့် အင်ဒိုနီးရှားသမ္မတတို့ တွေ့ဆုံပြီး မြန်မာ-အင်ဒိုနီးရှား ကုန်သွယ်မှုကို ၂ဝ၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်နိုင်ရေး ဆွေးနွေး


မြန်မာနိုင်ငံ တော် သမ္မတဦးသိန်းစိန်နှင့် အင်ဒို နီးရှားနိုင်ငံ သမ္မတတို့ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ MICC-1 ခန်းမတွင်တွေ့ဆုံပြီး မြန်မာ-အင်ဒို နီးရှား ကုန်သွယ်မှုကို ၂ဝ၁၆ ခုနှစ် တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ ကြောင်း ယင်းခန်းမမှ စုံစမ်းသိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတကို MICC-1 ရှိ ပုလဲခန်းမတွင် နံနက် ၈နာရီက တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံကြား ဆောင် ရွက်မှုနှင့် မြန်မာနိုင်ငံရေး ဆောင် ရွက်မှုများ စသည်တို့နှင့်စပ်လျဉ်း သည့် အချက်လေးချက်ကို ဆွေးနွေး ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက် များအရ သိရသည်။

ယင်းအချက်များမှာ မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံဒေသအတွင်း နှင့် နိုင်ငံတကာနယ်ပယ်တွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-အင်ဒိုနီးရှားကုန်သွယ်မှုကို ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ် ဘီလီယံအထိ တိုးမြှင့်နိုင်ရေး၊ မြန် မာ-အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော် မရှင်၏ လုပ်ငန်းဆိုင်ရာများ၊ မြန်မာ နိုင်ငံတွင်ဆောင်ရွက်နေသည့် နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်း ရေးဆွေးနွေးမှု အခြေအနေများ စသည့်အချက်များဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-အင်ဒိုနီးရှားကုန်သွယ် မှုသည် ၂ဝ၁၃ခုနှစ်တွင် ဒေါ်လာ ၄၉၈သန်းရှိခဲ့ပြီး ၂ဝ၁၃ခုနှစ် ဧပြီလ က အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူဇီလိုဘန်ဘမ်း၏ ခရီးစဉ်တွင် နှစ် နိုင်ငံကုန်သွယ်မှုကို ၂ဝ၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအ ထိ တိုးမြှင့်နိုင်ရေး အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List