Tuesday, November 11, 2014

မြောက်ကိုရီးယားမှ Bae Kenneth လွတ်မြောက်ဖို့ သူကူညီခဲ့တာဟု Dennis Rodman ဆို


၂၀၁၄ ခုနှစ် ဇန်နဝါရီလက Dennis Rodman ထံမှ ပေးစာမှာ“My dear friend for life, Marshall Kim Jong Un” လို့ အစချီထားပါတယ်။ အဲဒီပေးစာထဲမှာ အမေရိကန်နိုင်ငံသား အကျဉ်းကျခံရသူ Bae Kenneth အား လွတ်ပေးရန် မြောက်ကိုရီးယားစစ်အာဏာရှင်ကြီးဆီ အနူးအညွတ် တောင်းဆိုထားပါတယ်။

အကျဉ်းထောင်ထဲ (၂) နှစ်နေခဲ့ပြီး နောက်ဆုံးတော့ Bae လွတ်လာခဲ့ပြီး ဒီစစ်သေနာပတိကြီးအား အထူး ကျေးဇူးတင်ကြောင်း ထုတ်ဖော်ကြေငြာသွားပါတယ်လို့ TMZ မှ အစီရင်ခံဖော်ပြထားပါတယ်။

ပေးစာထဲမှာ Bae ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ သူနားလည်သဘော ပေါက်ပေမဲ့ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ဘယ်လောက်ထိချစ်ခင်၊သနားတတ်ကြောင်း မြင်တွေ့လိုတယ်လို့ Rodman က ရေးသားထားပါတယ်။

အကျဉ်းချခံရသူ Kenneth Bae အတွက် အသနားခံတောင်းဆိုလိုက်ပါတယ်။ သူလုံလုံခြုံခြုံပြန်လာမယ်ဆို ပါက တစ်သက်စာကျေးဇူးမေ့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကျွန်တော်တို့ နှစ်နိုင်ငံကြား ကွာဟချက်ကို တံတားထိုးပေးမယ့် ခြေလှမ်းကြီးတစ်ခုဖြစ်လာမှာမို့ပါ လို့ စာထဲကို နိဂုံးချုပ်ထားပါတယ်။

Rodman ကတော့ ပြန်စာ လုံးဝလက်ခံမရရှိခဲ့ပေမဲ့ သူစာကိုပေးပို့ခဲ့ပြီးလို့ မကြာခင်မှာပဲ Bae တစ်ယောက် အသက်ရှင်ရှိနေသေးကြောင်း ပြသတဲ့ ဗီဒီယိုတစ်ခုထွက်ရှိခဲ့တယ်။ဒါတိုက်ဆိုင်မှုတစ်ခုတော့မဖြစ်နိုင်ပါဘူး။

Source: TIMES
Trend Myanmar

No comments:

Post a Comment

My Blog List